အောင်မြင်ကျော်ကြား
" အောင်မြင်ကျော်ကြား "
လည်တိုင်ကျော့ကျော့
မော့မော့ရွှင်
လေယူရာတိမ်း
နွဲ့ယိမ်းလျှင်
ခါးသီသွယ်ဖေး
လှရေးဆင်
အမြင့်ပန်းရွှင် ပွင့်လန်းသွင်။
စိုးစိတ်စံစား
ငွားငွားထည်
ဝေဟင်ပျံစီး
ခရီးသည်
အာကာထစ်ချုန်း
မိုလုံးလည်
ပြိုင်စံရှားကွဲ့ တင့်ဆန်းကျယ်။
ထပ်တစ်ရာထိပ်
ကြိတ်မှိတ်ခါ
ဝဠာဘုံဖြိုး
လေတိုးလာ
ရင်တမမ
မြင်ရရှာ
ကမ္ဘာကျော်တာ သတ္တ၀ါ ။
" သစ်ရိပ်ညို "
လည်တိုင်ကျော့ကျော့
မော့မော့ရွှင်
လေယူရာတိမ်း
နွဲ့ယိမ်းလျှင်
ခါးသီသွယ်ဖေး
လှရေးဆင်
အမြင့်ပန်းရွှင် ပွင့်လန်းသွင်။
စိုးစိတ်စံစား
ငွားငွားထည်
ဝေဟင်ပျံစီး
ခရီးသည်
အာကာထစ်ချုန်း
မိုလုံးလည်
ပြိုင်စံရှားကွဲ့ တင့်ဆန်းကျယ်။
ထပ်တစ်ရာထိပ်
ကြိတ်မှိတ်ခါ
ဝဠာဘုံဖြိုး
လေတိုးလာ
ရင်တမမ
မြင်ရရှာ
ကမ္ဘာကျော်တာ သတ္တ၀ါ ။
" သစ်ရိပ်ညို "
posted from Bloggeroid
Comments
Post a Comment