မာန်သုံးတန် ”ဝ”ကံထမ်း

" မာန် သုံးတန် ဝ ကံထမ်း "

ရဲရင့်တဲ့ သွေးလူငယ်
ဖေးကူဖွယ် ဖြည့်တွေး
အကွက်လေး မြင်ရင်ကွယ်
တွက်ရေး လျှင်စွာကွဲ့
ခေါင်းငိုက်စိုက် ပေးပါနဲ့လေး။

တစ်ရံ မဟုတ်တာပ
လွန်ရှေ့လိုက်ကွင်းလူလယ်
ဖေးကူရန် နယ်ဝေး
ရှေ့ပြေး နောက်မပါတော့
ဂိုးကံငယ် သွင်းခံပေါ့လေး။

နောက်ခံဆိုဒ် ရယ်က
ထောက်ကန်လိုက် တခြားလူထံ
ပြန်လုရန် ဖန်ဖန်မော
ကွင်းလယ်လူ မချောလို့
ရှေ့တန်းရယ် ဘောနောက်ရှောက်ပြေး။

လာလိုက်တဲ့ ဘောလွတ် "ရန်"
ိုကြိမ်ဖန်ဖန် ဖောက်ခါလေး
နတ်မင်းရှင် ဂိုးကူစောင့်
တိုက်ပေါက်ပိတ် ဝေါနံရံ
ဂိုးသမား ခံလို့တော်သေး။ ။

မာန် သုံးတန် ဝ ကံထမ်းလို့
ဖေ့သားငယ် ပြန်လာမယ်
လက်ရင်းမှာ တော်
လက်ဖျားမှ ချော်လဲလို့
ဆုပ် မနိုင် ဆု ရွှေလွှတ်မယ်
အောင်ပန်း ငွေ ပိုက်ခဲ့ပေါ့လေး။ ။

" သစ်ရိပ်ညို "
posted from Bloggeroid

Comments

Popular posts from this blog

အက္ခရာနေ့နာမ်

ကိလေသာ၁၀ပါး

သံခိပ်