သဲချောင်းကလေး

"သဲချောင်းကလေး"

ချောင်းရေစီးသံ သာမောဖွယ်
ရွာရိုးတစ်လျောက် ဝန်းပတ်လည်
သိမ့်သိမ့်ငြိမ့်ငြိမ့် စိမ့်စိမ့်အေး
ရွာပတ်ချောင်းလေး ရိပ်ရိပ်ပြေး။

လယ်မြေယာမြေ စိုက်စို့ကွယ်
သောက်ရေချိုးရေ သုံးကြတယ်
ကျေးငှက်သာရကာ အကုန်လုံး
သဲချောင်းရေကို အမြဲသုံး။

ကျွဲနွားရေလည်း ဒီချောင်းငယ်
တံငါသည်လည်း မွေ့ပျော်ဖွယ်
ကူးသန်းသွားလာ အကုန်လုံး
သဲချောင်းလေးနဲ့ တပြုံးပြုံး ။

နွေရာသီကို ရောက်လို့လာ
ဒီသဲချောင်းလေး နွမ်းလျရှာ
လက်ယက်တွင်းတွေ ကိုယ်စီသုံး
သဲချောင်းလေးရဲ့ အသဲနှလုံး။

သင်္ကြန် ချိန်ခါ ရောက်လို့လာ
သဲချောင်းလေးပေါ် ကျင်းပတာ
ပိတောက်ပန်းတွေ ကိုယ်စီနဲ့
ရေလောင်းရေပက် ပျော်မြူးခဲ့။

သဲချောင်းလေးရဲ့ မေတ္တာဟာ
ဖွေးဖွေးလျလျ အေးမြရှာ
မျှော်ခြေပြီပေါ့ တစ်ယောက်ထဲ
မိုးသံမဆဲ ခြိမ့်ခြိမ့်သဲ။

မျှော်နေပြီပေါ့ တစ်ကိုယ်ထဲ
မိုးရွာသွန်းဖို့ ဆုတောင်းဆဲ။

သဲချောင်းကလေး ဆုတောင်းမြဲ။

" သစ်ရိပ်ညို "
posted from Bloggeroid

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်