ကျနော့်နာမည် ငဖြီး ၁

"ကျနော့် နာမည် ငဖြီး"
ပိုဒ်(၁)

သူငယ်ချင်းများက ကျနော့်ကို ချစ်စနိုးခေါ်ကြသည်။
" ညိုဖြီး"
ခေါ်လည်းခေါ်ချင်စရာ ကျနော်ကအမြဲတန်း
ပြုံးဖြီးဖြီး
ကျနော့် အပြုံး သွားတက်လေးနှစ်ဘက်ကို
ပတ်ဝန်းကျင်က ချစ်ကြသည်
သူများမုန်းအောင်လည်း ကျနော်မနေတတ်ခဲ့
ကျနော်တို့ လမ်းဆုံ တန့်ဆည်တွင်
၁၀တန်းအောင် ကျောင်းသား
အတော်နည်း၏။
အမေက ကျနော့်ကို တက္ကသိုလ် ထားမတဲ့
ပျော်လိုက်တာ ဝမ်းသာ၍မဆုံး
"အဟီးဟီး"
ကျနော့်မျက်နှာ ထိုအချိန်မှစ အပိုးသတ် မရ
တော့ချေ။ကျောင်းတက်ရန် လိုအပ်သည်
များကို သေတ္တာ လေးတလုံးတွင် ထဲ့ပြီး
ရေဦးကားဂိတ်သို့ ထွက်လာခဲ့သည်။
အဖေအမေတို့ လိုက်ပို့ကြသည်။
ကားထွက်ရာ လမ်းတလျောက် မှ
မိဘကို လက်ပြနှုတ်ဆက်ရင်း
ဖုန်အလိမ်းလိမ်းကြားမှာ မိဘနှစ်ပါး ၏
လက်ပြ နှုတ်ဆက်ဟန် ဝိုးတဝါးမျှသာ။

" သစ်ရိပ်ညို "
posted from Bloggeroid

Comments

Popular posts from this blog

အက္ခရာနေ့နာမ်

ကိလေသာ၁၀ပါး

သံခိပ်