နွေပျိုတေး

"နွေပျိုတေး"

လေညင်းထုံထုံ သုံသုံပြန့်မွှေး
နွေကဗျာတေးလေး ရေးဖွဲ့သီ။
လှမျိုးရစ်နွယ် လှရိပ်ချယ်သ
သွယ်သွယ်လျှလျှ တေးအလှသီ။
နွေမည်စေသား နွေထံပါး၌
နှိုင်းဖွဲ့ထားသည့် လှမဉ္ဇူကား
ကောင်းခြင်းငါဖြာ ပြည့်မှီစွာဖြင့်
လှမူရေးချယ် လှသွေးကြွယ်၏။
တစက်စက်ယို လှချက်စိုလဲ့
မက်မက်ဖူးစာ နွေကဗျာသည်
ကဗျာနွေပြောင်းလည်း မဟောင်းဆဲပါ
နွေတေးကြူက တူစွအမြင်။
နွေပျိုလေးနဲ့ တေးအလှဆင်။

"သစ်ရိပ်ညို "
posted from Bloggeroid

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်