ခွင့်လွှတ်ပါအမေ

"ခွင့်လွှတ်ပါ အမေ"

မိဝေးဘဝေး အနေဝေးသည့်
နေရေးဒုက္ခ အမိ တ မိ
မရှိဝမ်းစာ ရှိဝမ်းစာဖြင့်
လောကလူထွေ သောင်းဗြောင်းဝေမှ
အမိ တသည့် သားမိုက်ဖြစ်အင်
ပြောပြချင်ခဲ့။
နေ့ဆက်ရက်ပွား အနေခြားလို့
ဖြေသားတွေးလေ မက်မပြေလည်း
ရှိဆဲကြုံရ ဘုံဒုက္ခကြောင့်
အမေ အမေ အမေရယ်လို့
အော်မည်ဟစ်တမ်း ရှင်ခန်းပြတ်လျက်
နတ်သက်ဝိညာဉ် ပ သ တင်လည်း
အမေ့အနား မရောက်သွားခဲ့။
စေရာဖြေရာ အနေကြာလာမှ
တမ်းတဖြစ်အင် ကျွမ်းစိတ်ဘဝင်အသည်း
မီး မီးခဲပမာ ဆောက်တည်ရာမရ
ဆိုဆုံးမအောက် မရောက်ခဲ့တာ
နှစ်ချီကြာပေါ့။
မျှော်ရည်တမ်းတ ရှုမဝသည့်
အမေ့မျက်နှာ ရွှန်းပသာမြဲ ခြေနယ် လက်ဆုပ် ပြုမယ်လုပ်မှ
အမေ့သားမိုက် ဖြစ်ရန်မထိုက်သည့်
အချိန်များစွာ ပေးဆက်ခါတေး
အချစ်ကျေးကျွန် ငွေကျေးကျွန်မို့
နေရပ်စွန့်ခွာ ဒုက္ခရှာရင်း
နေခဲ့ခြင်းကို ခွင့်လွှတ်တောင်းပန်
ဦးညွှတ်ပန်သ ဖြစ်ခဲ့ရသည့်
သားမိုက်လူ့ထွေ ငတေလေအား
ခွင့်လွှတ်ပါရန် အစဉ်တောင်းပန်လျက်
ခွင့်လွှတ်စေချင် မွေးမိခင်။ ။

" သစ်ရိပ်ညို "
posted from Bloggeroid

Comments

Popular posts from this blog

အက္ခရာနေ့နာမ်

ကိလေသာ၁၀ပါး

သံခိပ်