ပေါင်းဖက်ကြုံ ကဗျာတောဝယ်

"ပေါင်းဖက်ကြုံ ကဗျာတောဝယ်"

စာကဗျာ
ညီညာဖွဲ့ သီနှောင်ထုံး
မောင်ဖုန်းမှာခုံမင်။

ရသထွင် ကာရံဖြာ
စေတနာ စဉ်ချမ်းမြ
ရွှင်လန်းစွ တက်နေသွင်
မေတ္တာယှဉ် တက်လှမ်း
လက်ကမ်းလှ သမုဒယနယ်
ဂရုဝယ် လက်သွေးဆိုကြ
ချိုတေးလှဆင်။ ။

တီတာတာ ကဗျာပျိုး
စာချိုးဖွဲ့ နွဲ့ကြူလျှင်
ခင်မင်မိသေး။

ချယ်သတွေး စာလွှာတင်
ကဗျာ ရင်ခွင်ထဲမှ
မြင်ကထဲက ချိုကြည်လွင်
ထွင်ရှာလေ့ သီကုံး
မော်ဒန် လေး ဒွေချိုး ယှဉ်
တြိ ဘောလယ် ဖွဲ့ထုံးပြ
စာ ကြောင်းရာ ခိုင်မာစွာကွဲ့
ဒီကာဖွဲ့တေး။ ။

" သစ်ရိပ်ညို "
posted from Bloggeroid

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်