ဘဝကျောင်းသား
"ဘဝကျောင်းသား"
လေယူရာ အနံ့ဆိုး
ပျံ့တိုးလို့ ဆောင်လာ
အမှိုက်ပုံ ကို ဖွတော့
ပုတ်အဲ့အဲ့နံလာ
လေသင့်ရာ သူကယိမ်း
တိမ်း၍ မလွတ်သာ
တို့များမှာ အနေကြာတော့
နံ့ဆိုးရယ် မွှေးကြိုင်သင်း
ရင်းနှီးလို့လာ
အလုပ်ကို ဒီမနက်
ရှောင်တိမ်းလို့ ခွဲခွာ
တစ်နပ်စာ ဝမ်းဟာရမှာမို့
နေ့ကောင်း ရက်သာ
တွက်ချက်ကာ ဘယ်မရွေး နိုင်ဘု
ချိန်တန်ရင် ဝမ်းစာဖြည့်ရအောင်
ဖွလိုက်စို့လား။
" သစ်ရိပ်ညို "
လေယူရာ အနံ့ဆိုး
ပျံ့တိုးလို့ ဆောင်လာ
အမှိုက်ပုံ ကို ဖွတော့
ပုတ်အဲ့အဲ့နံလာ
လေသင့်ရာ သူကယိမ်း
တိမ်း၍ မလွတ်သာ
တို့များမှာ အနေကြာတော့
နံ့ဆိုးရယ် မွှေးကြိုင်သင်း
ရင်းနှီးလို့လာ
အလုပ်ကို ဒီမနက်
ရှောင်တိမ်းလို့ ခွဲခွာ
တစ်နပ်စာ ဝမ်းဟာရမှာမို့
နေ့ကောင်း ရက်သာ
တွက်ချက်ကာ ဘယ်မရွေး နိုင်ဘု
ချိန်တန်ရင် ဝမ်းစာဖြည့်ရအောင်
ဖွလိုက်စို့လား။
" သစ်ရိပ်ညို "
posted from Bloggeroid
Comments
Post a Comment