မြက်ဖျားနှင်း

"မြက်ဖျားနှင်း"

နေ့စဉ်အလုပ် တကုတ်ကုတ်နဲ့
တနေ့တမျိုး မရိုးရအောင်
ပြောင်းလဲကြိုးရှုပ် အလုပ်လုပ်ခဲ့။
အားကစားမှာ နေရာစုံအား
မျိုးမျိုးဖုံဖုံ အစုံကစား
အားနဲ့အင်နဲ့ ငါကစားခဲ့။
ပန်းချီ ပန်းပု အနုပညာ
တစ်မျိုးမကျန် စုံစုံလိုက်စား
နေ့ညမအား စိတ်ဝင်စားခဲ့။
စာပေဂီတ ကဗျာရုပ်ရှင်
အသွင်သွင်ဝယ် အတွေးနယ်ချဲ့
စာကဗျာလေး တွင်တွင်ရေးခဲ့။
နေ့စဉ်ကြိုးရှုပ် အလုပ်လုပ်သည့်
ငါ၏ဖြစ်အင် ငါ့သွင်ပြင်မှာ
တနေ့တခါ ပြောင်းလဲပါသည့်
ငါ၏စိတ်ထား အလှည့်များက
နှင်းဝတ် သီးတင် မြက်ဖျားသွင်သို့
မကြာတခဏ ပျောက်ပျက်တတ်သည့်
ဘဝမြစ်တွင်း မြက်ဖျားနှင်း။

" သစ်ရိပ်ညို "
posted from Bloggeroid

Comments

Popular posts from this blog

အက္ခရာနေ့နာမ်

ကိလေသာ၁၀ပါး

သံခိပ်