လေးစားအပ်စွာ ပန်းရံ ဆရာ

"လေးစားအပ်စွာ ပန်းရံဆရာ"

"မှတ်ရန်တစ်ခု နှုတ်မှုလက်မှု
အတတ်စုကို ငယ်နုသောအား
မမေ့ငြားနှင့် ရင်ဖျားကုန်စင်
တတ်မျှော်မြင်က တစ်ခုမျှလျှက်
အသက်မွေးကြောင်း ဖြစ်တုံရှောင်း၏"

မြန်မာအစ တည်ဆဲကပင်
ပန်းရံပညာ ရှိခဲ့ပါ၏။

ကျောင်းကန်ရေတွင်း ဆောင်လုပ်ခြင်းနှင့်
ဘုရားပုထိုး အုတ်မြို့ရိုးဖွဲ့
စေတီမျိုးစုံ ထူးထွေများစွာ
ဆောက်တည်ပါ၏။

ခုခေတ်မှာလည်း လမ်းတံတားမကျန်
ဆောက်တည်ပြန်၏။

အိုးအိမ်တိုက်တာ မက်စရာချည့်
အတတ်ပညာ နှိုင်းယှဉ်ကြည့်ရာ ....

ရှေးကပန်းရံ တတ်ပညာနဲ
နုတ်စုပ်မွဲလည်း စိတ်စေတနာမှန်
မေတ္တာ ခံဖြင့် ကမ္ဘာအလယ်
ထွန်းပထည်၏။

ခုခေတ်မှာကား တိုးတက်ကြီးပွား
အမျိုးသားတို့ လုပ်အားလည်းခို
ပစ္စည်းခို၍ စိုက်သည့်သံတိုင်
သိပ်မခိုင်ခဲ့။

ယဲ့ယဲ့လျားလျား လွန်နွမ်းပါးသည့်
စိတ်ထားစိတ်နေ ပြုပြင်ချေမှ
ခိုင်ခံ့ဖွံ့ဖြိုး ပြည့်ဂုဏ်တိုးလိမ့်။

" သစ်ရိပ်ညို "
posted from Bloggeroid

Comments

Popular posts from this blog

အက္ခရာနေ့နာမ်

ကိလေသာ၁၀ပါး

သံခိပ်