သရုပ်ခွဲ လင်္ကာတေး

" သရုပ်ခွဲ လင်္ကာတေး "

ဗုဒ္ဓ ဘာသာ အခြေပြု
ယဉ်ကျေးမှု အထွေထွေ
နေရာလိုက် ပိုင်းခြားစေ
ပြလေသည် သရုပ်ပေး
သုံးဆယ့် ရှစ်ဖြာတေးက
လေးတွဲ့ မှန်နေ။
လိုက်ရေးက အခက်ဖြာဝေ
သိမြင်ဆင် သူကနည်း
လူထဲက လူ့ထွေထွေ
ဟုတ်လိုက်လေ ဆင့်တန်းကိုခွဲ
ယဉ်ကျေးကဲ့ လူလိမ္မာ
မသိသူက ရိုင်း
သိလျှက်က မိုက်ရိုင်းသူ
တဆင့်တက်ကွယ် ယုတ်မာကွဲ့လေး
ထပ်ပိုးလို့ ရက်စက်သူ
မိုက်တကာ အကောက်ကြံသူပေမို့
ပြေးမလွတ်သာ လောကငရဲ
မနှေး ခုပင် ပြင်ဆင်လိုက်
ဘေးလွတ်ချင် ယဉ်ကျေးကွဲ့
မြင်သေးရဲ့ လောကဝယ်
ဒေါမနဿ ဖယ်ခွာပါလို့
ယဉ်ကျေးပါ မင်္ဂလာ တရားနဲ့အညီ
ထင်သေးမှာ သင်ကြောက်ရင်ဖြင့်
ရင်လေးစွာ အပူမနှောက်ရအောင်
စိတ်ထားဖြူ ဆင်ခြင်ရမယ်
လောက လူ့စခန်း။

" သစ်ရိပ်ညို "
posted from Bloggeroid

Comments

Popular posts from this blog

အက္ခရာနေ့နာမ်

ကိလေသာ၁၀ပါး

သံခိပ်