မျှတမှု

"မျှတမှု"

တည်ငြိမ်တည့်မတ် ၊ တသမတ်တည်း
မလျှပ်မပေါ် ၊ ရှေ့နောက်မျှော်လို့

နာပျော်ညီမျှ ၊ နှစ်ဘက်လှကာ
သုတပညာ ၊ ကြားမြင်စွာဖြင့်

ထင်လာသရုပ် ၊ အမှန်ထုတ်စေ
ဥာဏ်ချုပ်သတ္တိ ၊ ကြောင်းကျိုးရှိက

စာရိတ္တမှန် ၊ လုပ်ရပ်မှန်ကို
ပြုရန်အလုပ် ၊ အနှစ်ချုပ်၍

ပြုလုပ်သင့်ကြောင်း ၊ စိတ်ထားကောင်းဖြင့်
ကြိုးကြောင်းညီထွေ ၊ မျှတစေတည့်။

"သစ်ရိပ်ညို"
posted from Bloggeroid

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်