သိုထားမေတ္တာ
" သိုလ်ထားမေတ္တာ "
သာပါစေ သပြေခက်နဲ့
ရေတွက် ရက် နေ့ကူးလာ
မေ့ဖူးစာ စာလွှာပါးလို့
ထားခဲ့လေတာ။
ဖြေမသာ
သေချာလှ တစ်ကိုယ်ထဲ
မေ့သည်းဆိုင် မောင်ယူသုံး
မုန်းမမေ့ပါ။
ဖုန်းသက်ညှာ တစ်ရွာသားက
ပုဝါပါး စွန်းပါပေါ့ရှင်
သော့သော့ငယ်နှင်
ချော့မော့လျှင် မေရွှင်ပြုံး စရာမို့
ဘယ်တော့မှ မမုန်းရက်တယ်
ဆုံးတသက် ရည်ရွယ်ကာ
ကြင်နာ ဖို့တွေး။
မောင်စေရာ ပုဝါပါး မို့
ထားရာနေ စေရာသွားပါပေါ့
ချစ်အားတော့ ငဲ့စေချင်
မေပျိုခင် ရွှင်လန်းချင်လှ
စိန္တေရှင် စေတီဘုရားထံ
အောင်သပြေ ညောင်ရေလောင်းကာ
ဆုတောင်းမယ်လေး။ ။
" သစ်ရိပ်ညို "
သာပါစေ သပြေခက်နဲ့
ရေတွက် ရက် နေ့ကူးလာ
မေ့ဖူးစာ စာလွှာပါးလို့
ထားခဲ့လေတာ။
ဖြေမသာ
သေချာလှ တစ်ကိုယ်ထဲ
မေ့သည်းဆိုင် မောင်ယူသုံး
မုန်းမမေ့ပါ။
ဖုန်းသက်ညှာ တစ်ရွာသားက
ပုဝါပါး စွန်းပါပေါ့ရှင်
သော့သော့ငယ်နှင်
ချော့မော့လျှင် မေရွှင်ပြုံး စရာမို့
ဘယ်တော့မှ မမုန်းရက်တယ်
ဆုံးတသက် ရည်ရွယ်ကာ
ကြင်နာ ဖို့တွေး။
မောင်စေရာ ပုဝါပါး မို့
ထားရာနေ စေရာသွားပါပေါ့
ချစ်အားတော့ ငဲ့စေချင်
မေပျိုခင် ရွှင်လန်းချင်လှ
စိန္တေရှင် စေတီဘုရားထံ
အောင်သပြေ ညောင်ရေလောင်းကာ
ဆုတောင်းမယ်လေး။ ။
" သစ်ရိပ်ညို "
posted from Bloggeroid
Comments
Post a Comment