သောင်းထိုက်ကကြားစေ
"သောင်းထိုက်က ကြားစေ"
စိတ်ဓာတ်ခွန်အား ညီညီမ များအား
ဖြန့်ဝေအသိ သတိရှိစေ
တက်ကြွခံပြင်း ဖြစ်တတ်ခြင်း၌
ဆိုးမာန်ကိုပယ် ကောင်းမာန်ကိုစု
ပညာဥ၍ အနှစ်စုထွေ
များစေလတ်သော် အမတေခေါ်ပြု
ထိုကောင်းမှုကား
စုကာစုကာ ပွားများလာတည့်။
အမတေအား အမြုတေပိုင်းခြား
ခွဲစိတ်ငြားအံ့
ကောင်းမှုဆိုရာ ကောင်းရာတွေစု
ကောင်းမှုထွေထွေ ကောင်းရာစေ၏။
စုပေါင်းညီညာ မြင့်မြတ်ရာနှင့်
ဆိပ်ကွယ်ရပ်ခြား နိမ့်ပါးစုခြေ
နေရာသီးသီး ရပ်တည်မှီးလည်း
ကောင်းမှုကိုသာ ပြုတတ်ရာ၏။
မကောင်းမှုအား လားလားမစပ်
စိတ်မြူညစ်နွမ်း လူဆိုးသွမ်းတို့
ပြုရန်ကျေးကျွန် မမြင်တုံရှင့်။
ရှေးကကံနှင့်
လောကဓံလှည့်ဖျား ဒုက္ခအားကို
မြင့်မြတ်ဖြူစင် နှလုံးသွင်၌
အံ့လောက်ဖွယ်ရာ ဖြတ်ကျော်ပါ၏။
ပမာဤပြု ငယ်ရွယ်နုသည့်
နှမငယ်ရွယ် ညီလေးငယ်တို့
စုပေါင်းအမတေ ပြုကြစေဖို့
ကိုကြီးဆုတောင်း မေတ္တာလောင်းသည်
သောင်းထိုက်ကကျော် မြည်စေသော်ဝ်။
"သစ်ရိပ်ညို"
စိတ်ဓာတ်ခွန်အား ညီညီမ များအား
ဖြန့်ဝေအသိ သတိရှိစေ
တက်ကြွခံပြင်း ဖြစ်တတ်ခြင်း၌
ဆိုးမာန်ကိုပယ် ကောင်းမာန်ကိုစု
ပညာဥ၍ အနှစ်စုထွေ
များစေလတ်သော် အမတေခေါ်ပြု
ထိုကောင်းမှုကား
စုကာစုကာ ပွားများလာတည့်။
အမတေအား အမြုတေပိုင်းခြား
ခွဲစိတ်ငြားအံ့
ကောင်းမှုဆိုရာ ကောင်းရာတွေစု
ကောင်းမှုထွေထွေ ကောင်းရာစေ၏။
စုပေါင်းညီညာ မြင့်မြတ်ရာနှင့်
ဆိပ်ကွယ်ရပ်ခြား နိမ့်ပါးစုခြေ
နေရာသီးသီး ရပ်တည်မှီးလည်း
ကောင်းမှုကိုသာ ပြုတတ်ရာ၏။
မကောင်းမှုအား လားလားမစပ်
စိတ်မြူညစ်နွမ်း လူဆိုးသွမ်းတို့
ပြုရန်ကျေးကျွန် မမြင်တုံရှင့်။
ရှေးကကံနှင့်
လောကဓံလှည့်ဖျား ဒုက္ခအားကို
မြင့်မြတ်ဖြူစင် နှလုံးသွင်၌
အံ့လောက်ဖွယ်ရာ ဖြတ်ကျော်ပါ၏။
ပမာဤပြု ငယ်ရွယ်နုသည့်
နှမငယ်ရွယ် ညီလေးငယ်တို့
စုပေါင်းအမတေ ပြုကြစေဖို့
ကိုကြီးဆုတောင်း မေတ္တာလောင်းသည်
သောင်းထိုက်ကကျော် မြည်စေသော်ဝ်။
"သစ်ရိပ်ညို"
posted from Bloggeroid
Comments
Post a Comment