သင်ဖောက်သည့်လမ်း

" သင်ဖောက်သည့်လမ်း "

တောလမ်းဖုံဖုံ ရွာငယ်စုံတို့
လွှမ်းခြုံပံ့ထောက် ဝိုင်းကူဖောက်ဖို့
အိမ်ရောက်လူပါ အကုန်လာစို့
ရွာသာယာရေး တွေးဆသည် ။

ကုန်းချိုင့်လယ်ကိုင်း ကန်သင်းရိုင်းနှင့်
အိမ်တိုင်းလူသူ ထွက်လို့ကူရှင့်
ရေလှူသူများ စားဖွယ်အားဖြင့်
လမ်းများသွယ်ဖောက် ရောက်ကြသည်။

တောင်မြောက်ဝဲယာ ရှေ့နောက်ရွာသား
ညီညာဖေးကြင် ပေါင်းစုအင်အား
စိတ်ရွှင်လန်းစွာ စေတနာထား
ရေတာမြောင်းလည်း ပြီးမြောက်သည်။

ကွန်ကရစ်လမ်း ဟိုင်းဝေးလမ်းမ
ဝန်ထမ်းစုံလိုက် ကန်ထရိုက်မှ
စည်းရိုက်ဝါးသာ အတ္တရှာကြ
ချမ်းသာကံကျိုး ပျိုးကြသည်။

မြို့ထဲလမ်းများ ကုန်းကျော်ထားကာ
မျိုးစားခေတ်ဆန် ခေတ်မီရန်သာ
ကြံဖန်ထွင်ထား လမ်းကျယ်များမှာ
ကိုယ်စားချန်တွေး လွေးကြသည်။

သံတူကြောင်းကွဲ ဤလမ်းပဲမို့
သင်လည်းမြင်သာ တိုးတက်ရှာလှ
သူငါအတ္တ ဖြိုးဖြိုးကြွကြ
ကင်းပလူထွေ ဒုက္ခဝေ။

မေတ္တာနှောင်ကြိုး ဆထက်တိုးစေ့
ရွာရိုးကိုးပေါက် စီးပွားရောက်လေ့
ရွာသာလမ်းထဲ ဘေးရန်စဲ၍
စဉ်မြဲပြုံးပန်း ဝေတော့သည်။

" သစ်ရိပ်ညို "
posted from Bloggeroid

Comments

Popular posts from this blog

အက္ခရာနေ့နာမ်

ကိလေသာ၁၀ပါး

သံခိပ်