စာပေသွေးသစ်
" စာပေသွေးသစ် "
လူမျိုးဘာသာ ၊ သာသနာနှင့်
နောင်လာမျိုးဆက် ၊ ပညာရွက်ဆင်
ဆင့်ပွားလျှင် ကြိုတင်လေ့လာပါ။
ပညာထမ်းပိုး ၊ ကိုယ့်အမျိုးတွက်
ရိုကျိုးလျှက်ပင် ၊ ကြိုးစားချင်လှ
ငယ်စဉ်က စုကြတော်သူသာ။
လခကိုပေး ၊ နောက်ကြောင်းအေးမှ
နောင်သွေးသုတ ၊ ပညာရအောင်
ဖေးမဆောင် ညီအောင်အုပ်ချုပ်ရာ။
ရှေးမူခေတ်ပွား ၊ စာပေများကို
သင်ကြားရမည် ၊သုတေသီတတ်
ဆင်ခြင်မှတ် ပြုအပ်မှတ်တမ်းလွှာ။
နေရာအနှံ့  ၊ စာပေဖြန့်လည်း
ရှင်းသန့်စုံကြိုက် ၊ စာကြည့်တိုက်မှာ
ဘဏ်တိုက်သာ ကျေးရွာလိုက်ရှိပါ။
ထုတ်ဝေရေး၌ ၊ စာပေတိုက်များ
လွန်ကြီးမားဖြစ် ၊ တည်ဆောက်လှစ်မည်
ခေတ်သစ်ဆီ ဂုဏ်ရည်မျိုးဘာသာ။
လွန်မှောင်မိုက်စွာ ၊ ဂျစ်တိုက်စာပေ
ရှောင်ပါစေမှ ၊ စည်းဘောင်ချမှတ်
စဉ်ကြပ်မတ် မပြတ်သုတေသနာ။
တို့မျိုးဘာသာ ၊ တမျိုးသာကြိုး
စာအုပ်မျိုးထုတ် ၊ အလုပ်လုပ်မှ
သဘာဝ ကျနသေချာမှာ။
အာဏာလက်ဝါး ၊ အောက်ရည်ငြားသူ
သုံးစားယူချင် ၊ ပုဂ္ဂိုလ်သွင်စုတ်
ဖမ်းဆင်ဖြုတ် မျိုးယုတ်လူတွေသာ။
ပြည်ပဘာသာ ၊ ထိုးနှက်လာမှု
ကြိုကာမှုချပ် ၊ စုစုရပ်ထား
လွန်ပြတ်သား ထင်ရှားသိသာစွာ။
ပြည်တွင်းဘာခြား ၊ ထိုးနှောက်ဖြားယောင်း
ဖျက်အားကောင်းကို ၊ ထိုးခွဲဖြိုလျှက်
ဝါးမြိုနှက် မျိုးဆက်ကာကွယ်ပါ။
ဆည်မြောင်းကန်ချောင်း ၊ ရေမြောင်းသွယ်လျှင်
လွန်ကျွမ်းကျင်သူ ၊ လိမ္မာကူကြ
ညီတူမျှ ကျွန်းလှပေါ်လိမ့်မှာ။ ။
" သစ်ရိပ်ညို "
လူမျိုးဘာသာ ၊ သာသနာနှင့်
နောင်လာမျိုးဆက် ၊ ပညာရွက်ဆင်
ဆင့်ပွားလျှင် ကြိုတင်လေ့လာပါ။
ပညာထမ်းပိုး ၊ ကိုယ့်အမျိုးတွက်
ရိုကျိုးလျှက်ပင် ၊ ကြိုးစားချင်လှ
ငယ်စဉ်က စုကြတော်သူသာ။
လခကိုပေး ၊ နောက်ကြောင်းအေးမှ
နောင်သွေးသုတ ၊ ပညာရအောင်
ဖေးမဆောင် ညီအောင်အုပ်ချုပ်ရာ။
ရှေးမူခေတ်ပွား ၊ စာပေများကို
သင်ကြားရမည် ၊သုတေသီတတ်
ဆင်ခြင်မှတ် ပြုအပ်မှတ်တမ်းလွှာ။
နေရာအနှံ့  ၊ စာပေဖြန့်လည်း
ရှင်းသန့်စုံကြိုက် ၊ စာကြည့်တိုက်မှာ
ဘဏ်တိုက်သာ ကျေးရွာလိုက်ရှိပါ။
ထုတ်ဝေရေး၌ ၊ စာပေတိုက်များ
လွန်ကြီးမားဖြစ် ၊ တည်ဆောက်လှစ်မည်
ခေတ်သစ်ဆီ ဂုဏ်ရည်မျိုးဘာသာ။
လွန်မှောင်မိုက်စွာ ၊ ဂျစ်တိုက်စာပေ
ရှောင်ပါစေမှ ၊ စည်းဘောင်ချမှတ်
စဉ်ကြပ်မတ် မပြတ်သုတေသနာ။
တို့မျိုးဘာသာ ၊ တမျိုးသာကြိုး
စာအုပ်မျိုးထုတ် ၊ အလုပ်လုပ်မှ
သဘာဝ ကျနသေချာမှာ။
အာဏာလက်ဝါး ၊ အောက်ရည်ငြားသူ
သုံးစားယူချင် ၊ ပုဂ္ဂိုလ်သွင်စုတ်
ဖမ်းဆင်ဖြုတ် မျိုးယုတ်လူတွေသာ။
ပြည်ပဘာသာ ၊ ထိုးနှက်လာမှု
ကြိုကာမှုချပ် ၊ စုစုရပ်ထား
လွန်ပြတ်သား ထင်ရှားသိသာစွာ။
ပြည်တွင်းဘာခြား ၊ ထိုးနှောက်ဖြားယောင်း
ဖျက်အားကောင်းကို ၊ ထိုးခွဲဖြိုလျှက်
ဝါးမြိုနှက် မျိုးဆက်ကာကွယ်ပါ။
ဆည်မြောင်းကန်ချောင်း ၊ ရေမြောင်းသွယ်လျှင်
လွန်ကျွမ်းကျင်သူ ၊ လိမ္မာကူကြ
ညီတူမျှ ကျွန်းလှပေါ်လိမ့်မှာ။ ။
" သစ်ရိပ်ညို "
posted from Bloggeroid
Comments
Post a Comment