ငါ
" ငါ "
ဪ ငါသော်မှ ခဏစံပါ~~
ဘဝလင်းရှင် မှန်ပင်ငြားလည်း
ငါ့အား ဘယ်သို့ ကူပါမည်။
မိုးစက်တစ်ပေါက် လေမှာပျောက်သို့
တည်ဆောက်ဘဝ တခဏသာ
ပန်းလှလည်းကြွေ ပင်လည်းသေ
ငါလေမင်းသို့ ရှိလိမ့်မည်။
မှက်ခြင်ယင် သွေး လု၍လွေးသည့်
သေးသေးသွယ်သွယ် တစ္ဆေ ငယ်လည်း
နေ့လည်ညညောင်း ဘဝပြောင်းသည်
ကြိမ်ပေါင်းလီလီ ခဏတည်း။
ချမ်းသာ သုခ မြတ်လှ ပညာ
ရူပ ဇာတိ စိတ်၏ ဖြစ်ခြင်း
ဆင်းရဲ နွံမှာ နူနာ သွေးပွက်
ဝဠာစင်္ကြာ ပျက်ယွင်းရှာသည်
" ငါ "ဂုဏ် မာန်တင်း အချီးနှီး။ ။
" သစ်ရိပ်ညို "
ဪ ငါသော်မှ ခဏစံပါ~~
ဘဝလင်းရှင် မှန်ပင်ငြားလည်း
ငါ့အား ဘယ်သို့ ကူပါမည်။
မိုးစက်တစ်ပေါက် လေမှာပျောက်သို့
တည်ဆောက်ဘဝ တခဏသာ
ပန်းလှလည်းကြွေ ပင်လည်းသေ
ငါလေမင်းသို့ ရှိလိမ့်မည်။
မှက်ခြင်ယင် သွေး လု၍လွေးသည့်
သေးသေးသွယ်သွယ် တစ္ဆေ ငယ်လည်း
နေ့လည်ညညောင်း ဘဝပြောင်းသည်
ကြိမ်ပေါင်းလီလီ ခဏတည်း။
ချမ်းသာ သုခ မြတ်လှ ပညာ
ရူပ ဇာတိ စိတ်၏ ဖြစ်ခြင်း
ဆင်းရဲ နွံမှာ နူနာ သွေးပွက်
ဝဠာစင်္ကြာ ပျက်ယွင်းရှာသည်
" ငါ "ဂုဏ် မာန်တင်း အချီးနှီး။ ။
" သစ်ရိပ်ညို "
posted from Bloggeroid

Comments
Post a Comment