ဖေဖေချစ်တဲ့သမီးလေး
" ဖေဖေချစ်တဲ့ သမီးလေး "
သံစဉ်ချိုတေး သီဆိုပေး
ထွေးပွေ့ချီကာ မွေ့အိပ်ယာ
စောင်လွှာခြုံပေး သမီးလေး။
မြတ်နိုးချစ်စဖွယ် နဖူးကျယ်
သာသာယာယာ နမ်းပါ့မယ်
ပုတုသေးသွယ် သမီးငယ်။
တီတီတာတာ ချိုနွဲ့ပြော
စိတ်ထားဖြူစင် သူ့မနော
ဖေဖေချစ်သော သမီးချော။
စာသင်ကျောင်းရဲ့ အဝင်ဝ
ခုန်ပေါက်မြူးကြ ကလေးဘဝ
ပျော်ရွှင်နုရွ သမီးလှ။
ကကြီးခခွေး စာကျက်သံ
တအိမ်လုံးပင် ခြိမ့်ခြိမ့်ညံ
အသံကုန်အောင် ဟစ်ကာကြွေး
ဖေဖေချစ်တဲ့ သမီးလေး ။
အနာဂတ်ရေး ရှေ့ရှုသော်
သမီးလေး ရဲ့ နေ့သစ်ဖော်
အောင်မြင်ပါစေသမီးလေး
ဖေဖေဆုတောင်းပေး။ ။
" သစ်ရိပ်ညို "
သံစဉ်ချိုတေး သီဆိုပေး
ထွေးပွေ့ချီကာ မွေ့အိပ်ယာ
စောင်လွှာခြုံပေး သမီးလေး။
မြတ်နိုးချစ်စဖွယ် နဖူးကျယ်
သာသာယာယာ နမ်းပါ့မယ်
ပုတုသေးသွယ် သမီးငယ်။
တီတီတာတာ ချိုနွဲ့ပြော
စိတ်ထားဖြူစင် သူ့မနော
ဖေဖေချစ်သော သမီးချော။
စာသင်ကျောင်းရဲ့ အဝင်ဝ
ခုန်ပေါက်မြူးကြ ကလေးဘဝ
ပျော်ရွှင်နုရွ သမီးလှ။
ကကြီးခခွေး စာကျက်သံ
တအိမ်လုံးပင် ခြိမ့်ခြိမ့်ညံ
အသံကုန်အောင် ဟစ်ကာကြွေး
ဖေဖေချစ်တဲ့ သမီးလေး ။
အနာဂတ်ရေး ရှေ့ရှုသော်
သမီးလေး ရဲ့ နေ့သစ်ဖော်
အောင်မြင်ပါစေသမီးလေး
ဖေဖေဆုတောင်းပေး။ ။
" သစ်ရိပ်ညို "
posted from Bloggeroid
Comments
Post a Comment