စည်းလေးတစ်ချောင်းခြားလေသည်

"စည်းလေးတစ်ချောင်း ခြားလေသည်"

စည်းတစ်ကြောင်းလေး
ခြားယုံပင်
ထင်မြင်ခဲ့မူကွဲ
လူထဲကလူ တူတူပေမယ့်
မတူကွဲပြား ခြားနားလှစွာ
ရှိတုံပါ၏
လူတို့ဌာနေ လူ့ရပ်ပြေမှ
ဗလငါးတန် ရှိသည့်မာန်ကို
အစပထမ ပြမည်ပ။
ဥာဏ်ပညာ ခွန်အား ဓနအားနှင့်
မိတ်သား ဆွေမျိုး ဆထက်တိုးသည့်
အင်အားကြီးမား ဆိုသူများထံ
အားငယ်နိမ့်ပါး မှီခိုငြားတွက်
လိုက်သင့်ဆက်ဆံ ဦးထိပ်ပန်ရှင့် ။
ဗလငါးတန် ပြည့်စိတ်မာန်ကြောင့်
သူ့အလိုလိုက် သူ့အကြိုက်ဆောင်သူ
အမောင်လူတို့ ခေါင်းငြိမ့်ခေါင်းခါ
ပြုကြရာ၏။
အားကြီးသူက အားကိုပြ၍
အားနှင့်အကူ ရတတ်ပါ၏
ဥာဏ်ကြီးသူနှင့် အခြားဂုဏ်ရည်
ရှိသည့်သူလည်း ထိုနည်းနှင်နှင်
ရှိတုံပါ၏။
သို့ပေသော်ငြား သူတို့ကားမူ
မှီခိုလာငြား ထိုသူအားကို
ဂုဏ်ရောင်လှည့်ုဖျား သူတို့သားတွက်
လှည့်ဖြားယူငင် ပုံလျှင်ပမာ
တူတတ်စွာရှင့်။
ခက်ခဲတွေ့မူ ဆွဲယူထိုးကြွေး
သူတို့ဘေးက လွတ်ငြိမ်းချမ်းသာ
ရှိဖို့ရာတွက် လှည့်စားလိမ်ညာ
ပြုရန်မနှေး ယုတ်မာတွေးဖို့
ကိုယ့်တစ်ဘို့သာ ကြည့်တတ်ရာ၏။
လူရေးလူထောက် ဆိုရေးရောက်က
သနားငဲ့ညှာ ရှိဘိရာသို့
လူစုံတက်စုံ အလက်စုံမှာ
ဟန်ရေးကြွယ်ကြွယ် အဘယ်သို့သား
သနားချင့်ဖွယ် အသွယ်သွယ်ကို
ဟန်နွယ်ရုပ်ပေါင်း သရုပ်ကောင်းဖြင့်
နှီးနွယ်ပြသ ရှိတတ်လှ၏။
သို့မှသူကား သူတို့အားမူ
ကြီးသထက်ကြီးကာ တိုးပွားလာလိမ့်။
အားကိုးရှာသူ လူထိုအများ
ဆိုသူအားက နွမ်းပါးနိမ့်လျှက်
ရှိမြဲလျက်တည့်။
ဤသည်အခြား ဆိုသူများက
အမြှီးကျက်အမြှီးစား ခေါင်းကျက်စား၍
မြင့်သူနိမ့်သူ ထိုနှစ်လူကို
ကြုံရာကြုံပမ်း ကြုံစေစမ်းဟု
မြည်တမ်းသူလဲ ရှိကြ၏။
နေ့ခွေရက်ပြောင်း ကြာငြောင်းလတ်သော်
မသမာမှု အမြဲစုသည့်
ဤလူ့ဘုံဝယ် သွယ်သွယ်များမြောင်
ဒုက္ခဆောင်ခြိမ့်။
အပူအသည်း အယူလွဲသည့်
ဘေးမျိုးဝင်မှ ဘုရားတရား
သံဃာများထံ မှီခိုဆည်းကပ်
ချဉ်းကပ်မှုထွေ ပြုကြပေ၏။

ကောင်းမှုဆောင်သော ကောင်းရာထွေထွေ
ပြုတတ်လေသည့် လူသူတော်ကောင်း
မြတ်သူအပေါင်းကို ဒုတိယအစ
ပြမည်ပ။
သူတော်စင်နှင့် သံဃာ မိဘ
သီလသမာဓိ ပညာရှိသည့်
ကဝိလက္ခဏာ မြတ်ဆရာ။
သီလ သိက္ခာ ပညာ သမာဓိ
မေတ္တာ စေတနာ ဂရုဏာနဲ့
ဥပေက္ခာ ဖွဲ့ ၊
ဟိရိ ဩတပ္ပ စုံလင်လှ စေ
ကြီးမားသူမဟုတ်
ကြီးမြင့်သူ ဟု ဂုဏ်အင်ပြ နေ။
လေးစားထိုက်သူ လေးစားယူရှင့်
ဖေးမထိုက်သူ ဖေးမကူရှင့်
တွေးဆထိုက်သူ အလင်းပြကူရှင့်
ဆင်းရဲချမ်းသာ မမှုပါပဲ
တည်ငြိမ်အေးချမ်း မေတ္တာခန်းဖွဲ့
သွဲ့သွဲ့ပြောင်းပြောင်း သူတော်ကောင်းတို့
ရှိအပ်ရာ၏။
အပူရှိသူ အမြိုက်ရေအေး
တိုက်ကာကျွေး၏
အမှားပြုသူ မေတ္တာအလင်း
ပြု၍ခွင်း၏
အယူလွဲသူ အမှန်တရားပြ
ဆုံးမ၏
အသိလိုသူ ပညာအလင်း
ပြ၍ရှင်း၏
မိန်းမောသည့်သူ သတိသမ္မစဉ်
ဥာဏ်ယှဉ်စေ၏
အစစ၌ ဒုက္ခ များမြောင်
လူတို့ဘောင်တွက် အကျိုးဖက်လည်း
သူ၏အင်အား ပြတို့ငြားအံ့
သူ၏အားမာန် ပြတို့ဖန်အံ့
သူ၏ဆင်းရဲ ပြတို့မြဲအံ့
သူတွင်ပြယုဂ် ဘာမဟုတ်သည့်
နုတ်ဂုတ်ဆင်းရဲ ရှိတုန်မြဲတည့်။
အားကြီးသည့်မာန် ဟန်ပန်ပြယုဂ်
ထိုသူယုတ်တို့ ဒုက္ခဆင်းရဲ
ရောက်လာဆဲမို့ ပြေရာပြေကြောင်း
သူတော်ကောင်းထံ ရောက်တို့ဖန်လိမ့်။
ထိုနေခါအား လူထိုများနှင့်
ခြွေရံများစွာ ပျားပမာသို့
ပျားလျှင်ဘုရင်မ သူသွားလတ်သော်
နောက်လိုက်ပျားငယ် အသိုက်အဝန်း
အူတုံဆင်းလိမ့် ။
ပျားဘုရင်မ ပျံကာထလျှင်
နောက်မှပျားတသိုက် ထတုံလိုက်သို့
စရိုက်မောပမ်း လူ့စခန်းမှ
သိုက်ဝန်းရစ်ပျံ ပျားတို့ဟန်အတိုင်း
အသိဥာဏ်ကင်း ဖြစ်တတ်ခြင်းတွင်
ယူသူခေါင်းဆောင် အမြိုက်ဆေးကား
ရသူရ၏။
သို့သော်နောက်လိုက် လူငမိုက်မူ
သူ့အနာမရှိ ဆေးမသိကား
သူတော်ကောင်းအား လွန်ပစ်မှား၏
မိုက်ရိုင်းဆိုးသွမ်း လူသရမ်းသို့
လေ့ကျင့်ထားသည် အသည့်သူကား
လူမိုက်များသို့
ဟိရိ ဩတပ္ပ မျက်ကွယ်ပြ၍
သခင့်သရမ်း အခွင့်လမ်းတွက်
သစ္စာ မေတ္တာ ဂရုဏာနဲ့ မုဓိတာ
သွေဖယ်
အကျယ်ကျယ်ကို ပြုပင်ပြုငြား
ပြုတတ်သားရှင့်။
ပမာပုံပြု မကောင်းမှုနှင့်
ကောင်းမှုဆုံရာ ဤအလွှာခြား
ဤစည်သားကို
စည်းလေးတစ်ချောင်း ခြားလေသည်ဟု
အမည်ပြုသည့်
ကျွန်ုပ်ဆောင်ရာ သင်လိုက်ပါလော့
ကောင်းရာ ကောင်းမှု တောင်းစုထွေထွေ
ကောင်းမှုဝေသည့်
သူတော်ကောင်းလမ်း လွန်ဖြောင့်တန်းလှ
ထိုမှတဖန် သင်အားသန်က
သစ္စာလေးချက် မဂ်ဖိုလ်နိမ္ဗာန်
ရတို့ဖန်လိမ့်။
ပိုင်ဆိုင်ဆပွား မေတ္တာ အားဖြင့်
အကျင့်စစ်မှန် ဆရာသမားထံသို့
ချဉ်းလျှင်ချဉ်းကပ် ရှိစေသောဝ်။

"သစ်ရိပ်ညို "
posted from Bloggeroid

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်