သံဝေဂကဗျာ
"သံဝေဂကဗျာ"
လူထဲကလူ
မြတ်သောသူတွင် တန်းစားခွဲခြား
ဆက်ဆံထားမှု မပြုဖြစ်ကြ
သို့မူထွေကွဲ လူတွေထဲ၌
ခွဲခြားထင်မြင် ပြုမိလျှင်က
အားငယ်သူများ ရှိသည့်အားဖြင့်
တုန့်ပြန်ရာ၏။
နှိမ်ချဆက်ဆံ
ပြုတန်ကပြု လူကိုလူဟု
သင်မြင်သိမူ လူနှင့်လူခြင်း
တမူကွဲပြား နေသော်ငြားလည်း
အပြန်အလှန် လေးစားဟန်ပြ
ချစ်ကြင်ကြလျှင် များလှသူငါ
ရန်စွယ်မပွား သမီးသားဖြစ်
တင့်တင့်တယ်တယ် နေရမယ်ဟု
ရှင်ထွေဟောကြား မိန့်မှာထားခဲ့။
" သစ်ရိပ်ညို "
လူထဲကလူ
မြတ်သောသူတွင် တန်းစားခွဲခြား
ဆက်ဆံထားမှု မပြုဖြစ်ကြ
သို့မူထွေကွဲ လူတွေထဲ၌
ခွဲခြားထင်မြင် ပြုမိလျှင်က
အားငယ်သူများ ရှိသည့်အားဖြင့်
တုန့်ပြန်ရာ၏။
နှိမ်ချဆက်ဆံ
ပြုတန်ကပြု လူကိုလူဟု
သင်မြင်သိမူ လူနှင့်လူခြင်း
တမူကွဲပြား နေသော်ငြားလည်း
အပြန်အလှန် လေးစားဟန်ပြ
ချစ်ကြင်ကြလျှင် များလှသူငါ
ရန်စွယ်မပွား သမီးသားဖြစ်
တင့်တင့်တယ်တယ် နေရမယ်ဟု
ရှင်ထွေဟောကြား မိန့်မှာထားခဲ့။
" သစ်ရိပ်ညို "
posted from Bloggeroid
Comments
Post a Comment