ချစ်ခဲ့ငြား စည်းချက်သား
"ချစ်ခဲ့ငြား စည်းချက်သား"
အသည်းနု....
...................
ပုလဲဥ မျက်ရည်ခို
ပြိုနေပေါ့ မျက်လည်ရွဲ
ငိုသာငို ကြွေစေခက်
ညှဉ်းရက်ပြီပဲ။
အရိပ်ခိုး.....
.................
စိတ်ဆိုးလို့ ညှိုးလျမှိုင်
ကြိတ်ပိုးမိ ရွှေရင်စိုင်
ခြေမခိုင် ခွေယိုင်သည်း
လွမ်းမောစွာပဲ။
တွေ့လိမ့်နိုး....
....................
မျှော်ခိုးမိ နွမ်းရိရိ
နုံးချိရင် ကြင်သူဝေး
တွေးလျှက်ပင် မရွှင်အား
ငြင်းရက်မှာလား။
စေတနာ .....
..................
သွေခွာလို့ အမျက်ပွား
သက်ထားမောင် ရွှေရင်ဆို့တယ်
စည်းတစ်ချက်သား။
" သစ်ရိပ်ညို "
အသည်းနု....
...................
ပုလဲဥ မျက်ရည်ခို
ပြိုနေပေါ့ မျက်လည်ရွဲ
ငိုသာငို ကြွေစေခက်
ညှဉ်းရက်ပြီပဲ။
အရိပ်ခိုး.....
.................
စိတ်ဆိုးလို့ ညှိုးလျမှိုင်
ကြိတ်ပိုးမိ ရွှေရင်စိုင်
ခြေမခိုင် ခွေယိုင်သည်း
လွမ်းမောစွာပဲ။
တွေ့လိမ့်နိုး....
....................
မျှော်ခိုးမိ နွမ်းရိရိ
နုံးချိရင် ကြင်သူဝေး
တွေးလျှက်ပင် မရွှင်အား
ငြင်းရက်မှာလား။
စေတနာ .....
..................
သွေခွာလို့ အမျက်ပွား
သက်ထားမောင် ရွှေရင်ဆို့တယ်
စည်းတစ်ချက်သား။
" သစ်ရိပ်ညို "
posted from Bloggeroid
Comments
Post a Comment