ဒါပြီးနင့်အလှည့်

" ဒါပြီးနင့်အလှည့် "

မှုန်ရီမှုန်မှိုင်း ၊ နေညို့စိုင်းလျက်
ရှစ်တိုင်းပြာရီ ၊ မဲမှောင်ပြီမို့
ရောင်နီကင်းမှိန် ၊ နေဝင်ချိန်၌
သူရိန်မှေးစက် ၊ လမင်းထွက်ကာ
မိတ်ဘက်ကြယ်စင် ၊ တိုးထွက်ချင်သည်
ဗိုင်းငင်သင့်လော မသင့်လော။

တုန်ရီတုန်ဆိုင်း ၊ ရွယ်အိုဟိုင်းတို့
တုန့်ဆိုင်းတုန်ရီ ၊ သက်ကြီးပြီမို့
တွယ်မှီခိုရာ ၊ သည်ချိန်ခါတွင်
တင့်လာသည့်သား ၊ လူညိုထွား၏
အင်အားလန်းရွှင် ၊ အားကိုးချင်သည်
နှိုင်းယှဉ်သင့်လော မသင့်လော။

ဂုဏ်ရည်ပုံခိုင်း ၊ မိဘတိုင်းတွင်
ချစ်လှိုင်းပျိုးဖန် ၊ ယုယမှန်လည်း
ရွယ်ခံရွယ်ထောက် ၊ ခါးကိုင်းရောက်မှ
စိတ်နောက်ကိုယ်ပါ ၊ မရှိရှာ၍
ဇရာသက်ဝင် ၊ ပြုစုချင်သည်
ပိုင်းမြင်သင့်လော မသင့်လော။ ။

" သစ်ရိပ်ညို "
posted from Bloggeroid

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်