သူ့တာနှင့်သူ

” သူ့တာနှင့်သူ ”

ဘူးတောင်းမှာ ရေဖြည့်
ဆံ့သရွေ့သာ။
ရေတွင်းကို ရေထပ်ဖြည့်တော့
မပြည့်နိုင်ပါ။
ဘူးတောင်းရေ လောင်းသွန်ရာ
ရနိုင်စွာ တန်သလောက်ပဲ။
ရေတွင်းရေ ငင်ယူခတ်တော့
ကုန်တတ်နိုင်ခဲ။ ။

သိပညာ ဉာဏ်အချိုး
အမျိုးမျိုး အဖြာဖြာ။
ဉာဏ်ကြီးသူ ဉာဏ်စဉ်မွဲ
ကွဲပြားရှိရာ။
မည်သို့ပင် ကွဲပြားစေပါ
ပိုင်နိုင်စွာ ကျင့်ကြံပေး။
သတိယှဉ် အစဉ်ထိန်းစွာဖြင့်
အသိတွင် အစဉ်ကိန်းပါလို့
ကံမယိမ်း ခိုင်ကြည်စွာ
သေချာစွာ ကျင့်ကြံလိုက် ပါက
ဖိုးထိုက် ကွဲ့လေး။ ။

” သစ်ရိပ်ညို ”
posted from Bloggeroid

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်