ရင်နင့် သစ္စာ

" ရင် "နင့်" သစ္စာ "

ရင်နှင့်သစ္စာ ပိတောက်ဝါတို့
ဝေလည်းဆက်ဆက် ဝေမြဲလျက်သာ
နှစ်သစ်မဟာ ။
သင်္ကြန်ခါတေး တန်ခူးလေအေးက
ချမ်းစိမ့်ချိုမြ ချစ်မဝသည့်
သင်္ကြန် ချစ်သူ ပန်းချစ်သူ။
သွယ်သွယ်ပြောင်းပြောင်း ဖော့ဖယောင်းသွင်
မမြင်ချင်လှ သင်္ကြန်အလှဆင်
ပိတောက်ပင်ဝယ် ချစ်တယ်ဆိုငြား
အိုလူသားတို့ ကိုင်းချိုးခြေဖျက်
တတ်မက်မက်နှင့် အပွင့်ခူးရာ
အရွက်မကျန် ရှိတတ်ပြန်လို့
ပိတောက်ချိုးသူ အမုန်းကူ၍
သင်္ကြန် ပိတောက် ယွင်းချန်ဖောက်သား
ရောင်ဝါပြောင်းလှစ် ဝါညစ်ညစ်သွင်
ပြောလိုက်ချင်ရဲ့ အရွဲ့တိုက်ခါ
မယ့်စိတ်မှာကား မြတ်နိုးတွယ်တာ
ဖြစ်ဆဲပါ။

" သစ်ရိပ်ညို "
posted from Bloggeroid

Comments

Popular posts from this blog

အက္ခရာနေ့နာမ်

ကိလေသာ၁၀ပါး

သံခိပ်