ပိတောက်ချစ်သူ

"ပိတောက်ချစ်သူ"

ပိတောက်တွေနဲ့ဝေ
သင်္ကြန်ခါ မြူးတူးစွာ
ပိတောက်တွေနဲ့ဝေ
ရိုးရာအလှ နှစ်သစ်မှာ
တယုတယ ပန်စေ။
ပြုံးလို့ ပျော်နေ
ရိုးရာပွဲနွဲလို့ရယ်
ပြုံးလို့ပျော်နေ
ချစ်စရာသွေး နုယဉ်လေး
တေးအလှ သီနေ။
ချစ်သူလေး ရေ
မို့မိုထွေး ပါးနီလေး
ချစ်သူလေး ရေ
ရှက်သလိုလေး သူ့မူသွေး
တွေးဆကာနေ။
ချစ်သူလေးရေ
နုနုထွေး သူအမည်လေး
ဝင်းပကြည်နေ။
ချစ်သူလေးရေ
ပိတောက်တခက်ပန်း
နမ်းမဝ စေ
ပန်ပေးမယ်မေ။

" သစ်ရိပ်ညို "
posted from Bloggeroid

Comments

Popular posts from this blog

အက္ခရာနေ့နာမ်

ကိလေသာ၁၀ပါး

သံခိပ်