ဘဝ တဆစ်ချိုး

" ဘဝ တဆစ်ချိုး "

ကြံညိုကြံခင်း ၊ အုပ်တစ်သင်း
ဘယ်ဒင်းဘယ်လို ပေါက်ကြတယ်။
ရင်းဖျားခေါင်သို့ မတ်ကြမယ်။

ပင်ပေါက်ကြံရိုး ၊ တစ်ဆစ်ချိုး
ကြံမျိုးဘယ်လို ထွားပါ့မယ်။
ရိုးတံမြေသို့ လဲကျတယ်။

ကိုယ်ထဲ၌သို ၊ အရည်ချို
ကြံညိုဆစ်ကြိုး ချိနဲ့ဖွယ်။
ပြိုယိုင်ခွေသို့ ဆွေးရိမယ်။

ဘဝလူရှင် ၊ ဆစ်ကြိုးလျှင်
လူတွင်ထို့ထက် ဒုက္ခကြွယ်။
ရှင်လူပျက်သို့ မှားတတ်တယ်။

မတ်ရာရပ်ရာ ခိုင်ခိုင်မာ
ဘယ်မှာဆစ်ချိုး ကြိုးပါ့မယ်။
ကာရံဆီးဆို့ ထားသင့်တယ်။

မတ်မတ်ရယ် ရပ်ကြကွယ်။ ။

" သစ်ရိပ်ညို "
posted from Bloggeroid

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်