ကဗျာရေးတာ သီချင်းဖြစ်သွားတယ်

ကဗျာရေးတာသီချင်းဖြစ်သွားတယ်

အခါတော်ပေး
နတ်ရေးငယ် ရွှေစာ။
သာသနာရောင်ဝင်း
ကောင်းခြင်းခု ဒီချိန်ခါ။
တိမ်ပြာ တိမ်ဝါ
တိမ်သဉ္ဇာ နတ်များနှင့်
မြှားနတ်သူဇာ။
ဆွေနှစ်ဖြာ ပြည့်ဝန်း
အောင်ဘိသိဟ် ခံကာ။
လှရည်တွေ့စွာ
နားအီမွေ့စရာ။
လှပန်းချီ စည်ယွန်းပါလို့
စေသွန်းတဲ့ မင်္ဂလာ။
စုလျား ရစ်ပတ် ချိန်ခါ
တို့များ လက်ထပ် ရက်မြတ် မင်္ဂလာပါ။
နှစ်လိုစွာ
အချစ်ပိုတာ။
ပြုံးလို့ပျော် မော်မဆုံး
ရွှင်ပြုံးခိုင်ကြည်သာ။
စိတ်အလိုမွေ့ အရိပ်လိုရွေ့
တွေ့ကြတဲ့ ရွှေနဖူးစာ။
အကြောင်းငယ်ဖန်လာ
နှောင်းကံခံရာ။
တူစုံတွေ့ ဒီယနေ့
ပျော်မွေ့ကြတဲ့ ရက်မြတ်မင်္ဂလာပါ။
အခါတော်ပေးတာက
နတ်ရေးငယ် ရွှေစာ။
သာသနာရောင်ဝင်း
ကောင်းခြင်းယခု ဒီအချိန်ခါ။

" သစ်ရိပ်ညို "
posted from Bloggeroid

Comments

Popular posts from this blog

အက္ခရာနေ့နာမ်

ကိလေသာ၁၀ပါး

သံခိပ်