ကသိုဏ်း (၁၀) ပါး

"ကသိုဏ်း၁၀ ပါး"

၁။ ပထဝီကသိုဏ်း
အစွမ်းဖြင့် တရာ၊တထောင် စသည်၊ နဂါး ဂဠုန်
ယောင် စသည် ဖန်ဆင်းခြင်း၊ ကောင်းကင်၌၎င်း၊
ရေပေါ်၌၎င်း မြေဖန်ဆင်း၍ ခြေဖြင့်နင်၍ သွား
ခြင်း၊ ရပ်ခြင်း၊ ထိုင်ခြင်း၊ အိပ်ခြင်း တို့ကို ပြခြင်း
သစ်ပင် တော တောင် မြေ အိမ် ကျောင်း ဗိမာန်
စသော အထည် ဝတ္ထု မိုးကို ရွာစေခြင်း၊ ပေါ့
သောဝတ္ထုကို လေးစေခြင်း၊တစုံတစ်ခုသော ဝတ္ထု
ကို ရွေ့ရှား၍ မရနိုင်အောင် ခိုင်မြဲစေခြင်း၊ စသည်
တို့ကို ဖြစ်ကုနိ ပြီးစီးကုန်၏။

၂။ အာပေါကသိုဏ်း
အစွမ်းဖြင့် မြေ၌ ငုတ်မှု ပေါ်မှုကို ပြုခြင်း၊ မိုးရွာ
စေခြင်း၊ မြစ် သမုဒ္ဒရာ စသည် ဖန်ဆင်းခြင်း၊
ပကတိ ရေကို ဆီ ပျား နို့ရည် စသည် ဖန်ဆင်း
ခြင်း၊ ကိုယ်မှရေစိုင်ထွက်စေခြင်း၊ မြေ တောတောဂ်
ပြာသာဒ် စသည် လှုပ်စေခြင်း စသည် ဖြစ်ကုန် ပြီးစီး
ကုန်၏။အာပေါကသိုဏ်း၌ ဝင်စား၍ ထိုအာပေါ
ကသိုဏ်း
ဖြင့်လှုပ်စေသော ဝတ္ထုကို ရေပေါ်၌ ပေါလောပေါ်၍
နေသော နွားချေးချပ် ကဲ့သို့ နေအောင်ပြု၍ လှုပ်စေ
ရသည်။ ရှေးက မဟာနာဂထေရ်၏ တူရင်း သံဃ
ရက္ခိတ သာမနေကလေး သာမဏေပြုသောနေ့
ဆံချစဉ်၌ပင် ရဟန္တာဖြစ်၍ တန်ခိုးပါ ပြည့်စုံ၍ ထို့နေ့
၌ပင် သိကြားမင်း ၏ ယူဇနာ တထောင် မြင့်စွာ
ကြီးမားသော ဝေဇယန္တာပြာသာဒ် ကို လှုပ်စေသော
အခါ ပထဝီကသိုဏ်း ၌ ဝင်စားပြီး လှုပ်၍ မလှုပ်
သဖြင့် နတ်သမီးတွေ ဝိုင်းသရောကြ၍ ပြန်ပြေးလာ
ပြီးလျှင် ဆရာကိုမေး၍ ထိုကဲ့သို့ အာပေါကသိုဏ်း၌
ဝင်စား၍ လှုပ်မှ ပြာသာဒ်ကြီး လဲလုမတတ် လှုပ်လေ
သည်။ နတ်သမီးတွေ ဝိုင်း၍ တောင်းပန်ရသည်။

၃။ တေဇောကသိုဏ်း
၏အစွမ်းဖြင့် မိမိကိုယ်မှလည်းကောဂ်း တပါးသော
ဝတ္ထုမှ လည်းကောင်း အခိုးထွက်စေခြင်း မီးလျှံ ထ
စေထွက်စေခြင်း မီးကျီးမိုးရွာစေခြင်း မိမိ တန်ခိုးမီး
ဖြင့် သူတပါး တန်ခိုးမီးကို ကုန်စေနိုင်ခြင်း လောင်
စေ လိုသော ဝတ္ထုကို လောင်စေန်ုင်ခြင်း ဒိဗ္ဗစက္ခု
ရှုရာ အလင်းကိုပြုခြင်း ပရိနိဗ္ဗာန် စံသောအခါ မိမိ
ကိုယ်ကို တေဇောဓာတ် လောင်စေခြင်း စသည်တို့
သည် ဖြစ်ကုန် ပြီးစီး ကုန်၏။

၎။ ဝါယောကသိုဏ်း
၏အစွမ်းဖြင့် လေကဲ့သို့ လွင့်ပြေးစေခြင်း လေး
သော ဝတ္ထုကို ပေါ့စေခြင်း လေမုန်တိုင်းထစေခြင်း
စသည်တို့သည် ဖြစ်ကုန်ပြီးစီးကုန်၏။

၅။ နီလ ကသိုဏ်း
၏အစွမ်းဖြင့် ညိုသော အဆင်းဝတ္ထု ဖန်ဆင်းခြင်း
ပတ္တမြား ညို ဖန်ဆင်းခြင်း မှောင်ချခြင်း စသည်တို့သည် ဖြစ်ကုန် ပြီးစီးကုန်၏။

၆။ ပီတ ကသိုဏ်း
၏အစွမ်းဖြင့် ဝါရွှေသော အဆင်းဝတ္ထု ဖန်ဆင်းခြင်း
ရွှေဖန်ဆင်းခြင်း စသည်တို့သည် ဖြစ်ကုန် ပြီးစီးကုန်၏။

၇။ လောဟိတ ကသိုဏ်း
၏အစွမ်းဖြင့် နီသော အဆင်းဝတ္ထု ဖန်ဆင်းခြင်း
ပတ္တမြား နီဖန်းဆင်းခြင်း စသည်တို့သည် ဖြစ်ကုန်
ပြီးစီးကုန်၏။

၈။ ဩဒါသ ကသိုဏ်း
၏အစွမ်းဖြင့် ဖြူသော အဆင်းဝတ္ထု ဖန်ဆင်းခြင်း
ငွေ ဖန်ဆင်းခြင်း အမိုက်မှောင်ကို ပယ်ဖျောက်ခြင်း
ဒိဗ္ဗစက္ခုရှုရာ ၌ အလင်းကိုပြုခြင်း စသည်တို့သည်
ဖြစ်ကုန် ပြီးစီးကုန်၏။

၉။ အာလောက ကသိုဏ်း
၏အစွမ်းဖြင့် မိမိ ကိုယ်မှလည်းကောင်း တပါးသော
ဝတ္ထု မှလည်းကောင်း အရောင်ထွက်စေခြင်း အ
ရောင်တောက်ပသောရုပ်ကို ဖန်ဆင်းခြင်း အရောင်
အလင်းဖြစ်စေခြင်း အမိုက်မှောင်ကို ပယ်ဖျောက်
ခြင်း ဒိဗ္ဗစက္ခုရှုရာ ၌ အလင်းကို ပြုခြင်း စသည်တို့
သည် ဖြစ်ကုန် ပြီးစီးကုန်၏။

၁၀။ အာကာသ ကသိုဏ်း
၏အစွမ်းဖြင့် ဖုံးကွယ်၍နေသော ဝတ္ထုကို ထင်ရှား
မြင်ရအောင် ပေါ်အောင်ပြခြင်း မြေကြီး အတွင်း
ကောင်းကင် အတွင်းတို့၌ ကောင်းကင် ဖန်ဆင်း၍
ဣရိယာပုတ် လေးပါး ပြုနိုင်ခြင်း တံတိုင်းနံရံ
တဘက် တို့ကို မထိမငြိ ဖောက်၍ သွားနိုင်ခြင်း
စသည်တို့သည် ပြီးစီးကုန်၏။
မမြင်စေလိုသော အထည်ဝတ္ထုကို မမြင်ရအောင်
ကွယ်ထားခြင်း ငယ်သောဝတ္ထုကိုကြီးစေခြင်း ကြီး
သောဝတ္ထုကိုငယ်စေခြင်း နီးသောဝတ္ထုကို ဝေးစေ
ခြင်း ဝေးသောဝတ္ထုကို နီးစေခြင်း သူတပါးအား မေ့
စေလိုသောအကြာင်းကို အမှတိမရဘဲ သတိမေ့
အောင် ပြုခြင်း စသည်တို့ကိုကား ကသိုဏ်း ၁၀ပါး၏ အစွမ်းသည်ပင်လျှင် ဖြစ်စေ ပြီးစီးစေနိုင်
ကြကုန်၏။
တန်ဘိုအမျိုးမျိုး ဖန်းဆင်းခြင်း ပြုခြင်း ဣိဒ္ဓိဝိဓ
အဘိညာဉ် ပြီး၏။

တင်ပြသူ

" သစ်ရိပ်ညို "
posted from Bloggeroid

Comments