ကျမ်းဂန် ကယ်မှ ပြီးတယ်

" ကျမ်းဂန် ကယ်မှ ပြီးတယ် " တို့ရွာက ကိုလူလှ ရိုးအ လှပေ။ စာပေနယ် ကျမ်းဂန်ထောက် ကြောက်ရွံ့ လို့နေ။ မင်းမှူးမတ် အထွေထွေ သူ့မလေရှောင်ပုန်း။ မင်္ဂလာ လှူဖွယ်ရေးမှာ ဆေးတဲ့ လက်သုံး။ ။ ဆေးမန်းဝင် ပုံပြင်ပြောပြတော့ သဘောကျ သူပင်။ လူလုံးပြ အလှဆင် ရွံ့ ပါ့ သူ့သွင်။ မောင်လူလှ ထင်အမြင် ရိုးသားချင် ရှာလည်း။ ရွာလူ တွင် အရက်ပုန်းက ဆုံးမလေ့ မြဲ။ ။ အရက်ဆေးကွမ်း တိုးပြီဟေ့ ဆိုးသွမ်းပေ့ ကိုလူမော်။ ရိုးသားစွာ အခြေပစ် မူးရစ်လို့ အော်။ ကိုလူလှ မြှောက်ပင့်ဖေါ် ရွာဆော်ပင် မနေရ။ ရပ်ရွာမှာ လှော်သမျှရယ် တော်တော် ဂွကျ။ ။ သူကြီးလည်း မနေရ ခက်လှ ပေါ့လေ။ မဖြစ်ချေ ဒီကလေး နောင်ရေး တွက်ပေ။ ပြုပြင်လို့ လမ်းပြစေ မောင်ဆိုးပေ လူလှလေး။ နဂိုရည် ကောင်းနေလျက်ကယ် ပေါင်းဖျက် လို့လေး။ ။ ရွာလူကြီး မနိုင်ကြ လမ်းပြလည်း သူချော်။ ရွာရေးမို့ ဆရာတော် ပြောရ ပြီနော်။ ဆရာတော် လူလှ ခေါ် စာဝါချ။ သင်္ကန်းဘောင် ရှင်လူသားဖြင့် ထား နေရာ ကျ။ ။ အလိမ္မာ တန်ဘိုးကြီး ငယ်လတ်ကြီး တန်းလွန်သော် ရွာရဲ့ လူတော်။ ရှင်လူမော် ကျော်ပါလေ့ ဂုဏ်သတင်း။ ပညာရည် ရနံ့အေးရယ် မွှေးပျံ့ ကြိုင်သင်း။...