လပြည့်ည
" လပြည့်ည "
လသွေး ရောင်ကြွယ် ၊ တစ်နှစ်ဝယ်
တစ်ဆယ် နှစ်လ ၊ လပြည့်ည။
လရောင် ရွှန်းဝေ ၊ ဝန်းပြည့်နေ
ဘော်ငွေ ရောင်ကြွ ၊ အေးမြမြ။
ဝင်းပပ ဖြာ ၊ ညဥ့်ရုံလွှာ
သာယာ လှပ ၊ ချမ်းမြေ့လှ။
တိတ်ဆိတ် ငြိမ်းအေး ၊ ကြည်လဲ့ဖွေး
နုသွေး လေခ ၊ ညင်းသည့်ည။
စမ်းချောင်း မြောင်းကန် ၊ မြစ်ပြင်ယံ
သွင်ဟန် မြူးကြွ ၊ သာသောလ။
ရောင်ခြည် ဆွတ်ဖြန်း ၊ လရောင်ဆမ်း
အေးချမ်း သာစွ ၊ ညသုခ။ ။
" သစ်ရိပ်ညို "
လသွေး ရောင်ကြွယ် ၊ တစ်နှစ်ဝယ်
တစ်ဆယ် နှစ်လ ၊ လပြည့်ည။
လရောင် ရွှန်းဝေ ၊ ဝန်းပြည့်နေ
ဘော်ငွေ ရောင်ကြွ ၊ အေးမြမြ။
ဝင်းပပ ဖြာ ၊ ညဥ့်ရုံလွှာ
သာယာ လှပ ၊ ချမ်းမြေ့လှ။
တိတ်ဆိတ် ငြိမ်းအေး ၊ ကြည်လဲ့ဖွေး
နုသွေး လေခ ၊ ညင်းသည့်ည။
စမ်းချောင်း မြောင်းကန် ၊ မြစ်ပြင်ယံ
သွင်ဟန် မြူးကြွ ၊ သာသောလ။
ရောင်ခြည် ဆွတ်ဖြန်း ၊ လရောင်ဆမ်း
အေးချမ်း သာစွ ၊ ညသုခ။ ။
" သစ်ရိပ်ညို "
Comments
Post a Comment