စိတ္တဘဝလူသားများ

" #စိတ္တဘဝလူသားများ "

ကဗျာ့ ကဗျာမဟာကဝိ
ပညာ့သမ္ဘာ အာဘာဝိဇ္ဇိ
ဆရာ့ ဆရာ ဆရာသမား
တစ်ဘဝစာ ပမာဏများ
ရေးသားသည့်တေး။

ရေးသားတဲ့ ကျမ်းမြင့်မိုရ်တွေ
သစ်ခေါက်ညို ပေစာကျောက်ကယ်နဲ့
ဝါးခေါက်တို စေရာရောက်ပါလို့
ထက်အောက်ကို ဖွေရှာနှောက်လိုက်ရင်ဖြင့်
အာကာထောက် ရာသီတစ်ခွင်မှာ
ဂန္ထ၀င် ဂမ္ဘီရရယ်
တရားဓမ္မ ဒေဿနာမှာ
ဖွေရှာစေ စစ်တမ်းပြစေရယ်လို့
ချစ်တမ်းတ လွမ်းစာညွှန်းခွေ
ရာဇာထွေ နန်းတွင်းရေးစသည့်
တမ်းချင်းရေး အောင်စစ်ဝေဖြာရှာ
ဘောင်သစ်ချွေ လှုံ့ပြဿဒ်ကိုလည်း
ရာဇသတ် တရားဓမ္မတွေချကာ
ကုန်းရေလေ ရာသီကြောမှာ မျောရင်း
ပြည့်သဘော ကိုတောင်သူတွက်ထုတ်ဖေါ်
ပျိုးထောင်ယူ အခြေဖြစ်သော်မှ
ခြွေလှစ်တဲ့ နန်းစည်ဗဟို ချိမ့်ချိမ့်ညံစေပြီး
ကျွမ်းသည်ဆို ဘိတ်သိဟ်ခံခဲ့ကြပေါ့
နတ်ဗိမ္မာန် ယွန်းသည်ကွဲ့ စာဆိုရှင်ရယ်
ခွန်းချီတဲ့ ဇမ္ဗူဆောင်နိမိတ်တွေ ဖွဲ့လို့
သူယောင်မယ် အမူပြုံးမြှူစ သလိုပ
ခိုင်လုံးဖြာ ပန်းမာလာဘွဲ့တွေချဲ့လျက်
အားမာန်ပါ အောင်စစ်သည်တေးသံကြွကာ
တောင်စဉ်ကျေး မြိုင်ဝဠာညွှန်းပါလို့
ဆောင်းနှင်းဖြာ ခါနွေတေးသံစွင့်တယ်
ဆွေးပိုတဲ့ မိုးတိမ်ဆင် လိုက်ပုံများဖြင့်
ချစ်ကျွမ်းဝင် ကြင်သူ့ထုံးတွေကို
စံပြုသုံး ဆုံးမလျှင် စာပန်းချီ ဖွဲ့သီလို့
အမွှမ်းတင် ဆင်ခြင်နိုင်ကွဲ့လေး။ ။

" သစ်ရိပ်ညို "

Comments

Popular posts from this blog

အက္ခရာနေ့နာမ်

အက္ခရာ နေ့နံ

ကိလေသာ၁၀ပါး