ပြောတုန်းကတစ်မျိုး

” #ပြောတုန်းကတစ်မျိုး ”

ချစ်တယ်ကွာ
သိပ်ချစ်တာ ပေါ့။
မင်းတွက်ဆို အသဲ သက်ကို
ပေးလျက်ပါ နော့။ ။

သိပ်ချစ်ဆို
ဘဝကို ပေးဆပ်။
မင်းအလို မင်းသဘောလို့
ပြောမှ ပြောတတ်။ ။

ထမ်းထားပါ့မယ်
မှန်းဆရွယ် လျက်ပဲ။
စိတ်ချပါ ငါမမေ့ပါဘု
တွေ့လိမ့် မလွဲ။ ။

သွားပါပြီ ပြောသမျှ
အဟောဝတ ဖြစ်ကုန်ပြီ။

ပြောဆိုတာ တစ်ပြန်ချိုး
အမျိုးမျိုး ပလီ။

ငိုနေပြီ
မရီ နိုင်တော့။

သူ မကြင်သူ
ငြူ တမင်မူ နင်ရက်စက်တယ်
ပြောထွက် ပြီနော့။ ။

” သစ်ရိပ်ညို ”

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်