ဇေယျတုခွန်းလွှာ

" ဇေယျတု ခွန်းလွှာ "

သံသာလမ်း ကမ်းတိုင်
မြဲခိုင်စွာပေ။

တွဲခိုင်တဲ့ ပေဖူးလွှာ ရယ်
ရွှေဖူးစာ နှစ်ဖြာဆက်
ပေါင်းဖက်ခါလေ။

လျောင်းစက်ရာ မောင်မယ်စုံတို့
ဆောင်လယ်ဘုံ ကြင်စဦးမှာဖြင့်
ရည်စူးငယ် အောင်ပါစေ
တောင်းဆုချွေရေး။

နတ်ရေးငယ် ရွှေစာ
သင်္ဂဟာ စုံလယ်နန်း
မင်္ဂလာ ဆင်ကာမြန်းတယ်
ရွှင်လန်းလို့လေး။

" သစ်ရိပ်ညို "

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်