ပြောင်းလဲပါပြီ

” ပြောင်းလဲပါပြီ ”

ပန်ရွယ် သစ္စာ ၊ ပန်းမာလာ ရယ်
ချိန်ခါ မရွေး ၊ သူ့နဘေး မှာ
ပိုက်ထွေး ယုယ ရှိဖူးတယ်။

ရေစင် ချမ်းမြ ၊ ပေါင်းမြေဆွ ၍
ပန်းလှ မချိုး ၊ ပြုစုပျိုး ကာ
မြတ်နိုး ယုယ ရှိဖူးတယ်။

ပိုးကိုက်သည့် ပန်း ၊ ရွက်ကြွေပန်း လို
မနွမ်း ညစ်အောင် ၊ သတိဆောင် လျက်
ဒီမောင် ယုယ ရှိဖူးတယ်။

မြတ်နိုး ယုယ ၊ တသသ နဲ့
ချစ်ရတဲ့ သူ ၊ မောင့်လို လူကို
မတူ ရှောင်ကွေ့ ၊ တမင် မေ့လို့
ညှိုးဆွေ့ သည်းနာ ရှိဖူးတယ်။ ။

” သစ်ရိပ်ညို ”

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်