တရံရောခါ ၊ ရွာတစ်ရွာ တွင်
ကြင်နာ တတ်သူ ၊ မောင်ပို ဟူသည့်
သူငယ်ချင်းကောင်း ၊ ယုန်နှင့်ပေါင်းမှ
ထပ်လောင်းဖော်ရှာ ချင်သတဲ့။
ယုန်နဲ့ ကစား ၊ မပျော်ပါး ဘဲ
ကျားပေါက်ငယ်ထံ ၊ ပေါင်းသင်းပြန်၍
ကြံဥာဏ်စကား ၊ ယုန်ပြောကြားလည်း
နားဝ မဝင် ၊ အပြစ် မြင်၏။
ကျားနှင့် တူတွဲ ၊ နေနေဆဲ တွင်
ရွာထဲ ကနွား ၊ ကျားဆွဲသွားလို့
ရွာသားထောင်ချောက် ၊ ကျားကျရောက်၍
အားပျောက်ချိန်တန် ၊ သတ်ဖို့ ကြံ၏။
အစာငတ်ထား ၊ သားသတ်ကျား၏
သနား စဖွယ် ၊ အော်သံရယ်ကြောင့်
စိတ်ဝယ်မကောင်း ၊ အစာတောင်းသည့်
အပေါင်းသင်းတွက် ၊ အနေခက်၏။
မောင်ပိုသနား ၊ ဆာသည့် ကျားကို
ထောင်ထားပိတ်မိ ၊ ခုနစ်ရက်တိတွင်
သူ၏ ရွာသား ၊ အိပ်နေငြားမှ
သနား ကျားကို ၊ လွှတ်ခဲ့ ဆို၏။
လွတ်လျှင်လွတ်ချင်း ၊ ခုလက်ငင်းပင်
ပေါင်းသင်း ရန်လို ၊ စားမည်ဆို ၍
ကျားကို တောင်းပန် ၊ ကျေးဇူး ပြန်လည်း
စားရန် ပဲသိ ၊ အဆို ရှိ၏။
ရှေ့နေ ရှေ့ရပ် ၊ ကျွဲခေါင်းအပ်၍
ဆုံးဖြတ် စေရာ ၊ လူတွေ မှာကား
ကြင်နာ တရား ၊ လွန်ခေါင်းပါး၍
ငါ့အားသတ်သလို ၊ သတ်သင့် ဆို၏။
ထိုမှ တခြား ၊ သစ်ပင် ကားလျှင်
သူ့အား ရိပ်ခို ၊ ကိုးချိုး ဆိုလျက်
သူ့ကို မသနား ၊ စားသာစား ဟု
ကျားအား ပြောလျှင် ၊ စားမည်ပြင်၏။
ထိုစဉ် ခဏ ၊ ယုန်မြင် ရလို့
ဤမှ ဖြစ်စဉ် ၊ ပြောပြလျှင်ဖြင့်
အရင် အစ ၊ ပြန်နေ ပြဖို့
ယုန်က ခြေနေ ၊ သုံးသပ် ချေ၏။
အဖြေ သဲကွဲ ၊ နေပြီ ပဲမို့
ကျားလည်း ကျားသာ ၊ သူ့နေရာ၌
ပိုမှာ ပိုလည်း ၊ နေနေမြဲ တိုင်း
ဟုတ်တိုင်းမှန်ရာ ၊ ရှိစေ ရာ၏။
ထောင်ချောက် စခန်း ၊ နဂို ဖမ်းသည့်
သူ့လမ်းစဉ်တိုင်း ၊ နေရာ ပိုင်းပြီး
ဒီတိုင်း သာစံ ၊ ဘုံဗိမ္မာန် ၌
အမှန် နေထား ရှိသင့်သည်။ ။
" သစ်ရိပ်ညို "
တရံရောခါ ၊ ရွာတစ်ရွာ တွင်
ကြင်နာ တတ်သူ ၊ မောင်ပို ဟူသည့်
သူငယ်ချင်းကောင်း ၊ ယုန်နှင့်ပေါင်းမှ
ထပ်လောင်းဖော်ရှာ ချင်သတဲ့။
ယုန်နဲ့ ကစား ၊ မပျော်ပါး ဘဲ
ကျားပေါက်ငယ်ထံ ၊ ပေါင်းသင်းပြန်၍
ကြံဥာဏ်စကား ၊ ယုန်ပြောကြားလည်း
နားဝ မဝင် ၊ အပြစ် မြင်၏။
ကျားနှင့် တူတွဲ ၊ နေနေဆဲ တွင်
ရွာထဲ ကနွား ၊ ကျားဆွဲသွားလို့
ရွာသားထောင်ချောက် ၊ ကျားကျရောက်၍
အားပျောက်ချိန်တန် ၊ သတ်ဖို့ ကြံ၏။
အစာငတ်ထား ၊ သားသတ်ကျား၏
သနား စဖွယ် ၊ အော်သံရယ်ကြောင့်
စိတ်ဝယ်မကောင်း ၊ အစာတောင်းသည့်
အပေါင်းသင်းတွက် ၊ အနေခက်၏။
မောင်ပိုသနား ၊ ဆာသည့် ကျားကို
ထောင်ထားပိတ်မိ ၊ ခုနစ်ရက်တိတွင်
သူ၏ ရွာသား ၊ အိပ်နေငြားမှ
သနား ကျားကို ၊ လွှတ်ခဲ့ ဆို၏။
လွတ်လျှင်လွတ်ချင်း ၊ ခုလက်ငင်းပင်
ပေါင်းသင်း ရန်လို ၊ စားမည်ဆို ၍
ကျားကို တောင်းပန် ၊ ကျေးဇူး ပြန်လည်း
စားရန် ပဲသိ ၊ အဆို ရှိ၏။
ရှေ့နေ ရှေ့ရပ် ၊ ကျွဲခေါင်းအပ်၍
ဆုံးဖြတ် စေရာ ၊ လူတွေ မှာကား
ကြင်နာ တရား ၊ လွန်ခေါင်းပါး၍
ငါ့အားသတ်သလို ၊ သတ်သင့် ဆို၏။
ထိုမှ တခြား ၊ သစ်ပင် ကားလျှင်
သူ့အား ရိပ်ခို ၊ ကိုးချိုး ဆိုလျက်
သူ့ကို မသနား ၊ စားသာစား ဟု
ကျားအား ပြောလျှင် ၊ စားမည်ပြင်၏။
ထိုစဉ် ခဏ ၊ ယုန်မြင် ရလို့
ဤမှ ဖြစ်စဉ် ၊ ပြောပြလျှင်ဖြင့်
အရင် အစ ၊ ပြန်နေ ပြဖို့
ယုန်က ခြေနေ ၊ သုံးသပ် ချေ၏။
အဖြေ သဲကွဲ ၊ နေပြီ ပဲမို့
ကျားလည်း ကျားသာ ၊ သူ့နေရာ၌
ပိုမှာ ပိုလည်း ၊ နေနေမြဲ တိုင်း
ဟုတ်တိုင်းမှန်ရာ ၊ ရှိစေ ရာ၏။
ထောင်ချောက် စခန်း ၊ နဂို ဖမ်းသည့်
သူ့လမ်းစဉ်တိုင်း ၊ နေရာ ပိုင်းပြီး
ဒီတိုင်း သာစံ ၊ ဘုံဗိမ္မာန် ၌
အမှန် နေထား ရှိသင့်သည်။ ။
" သစ်ရိပ်ညို "
Comments
Post a Comment