စကားကြီးဆယ်မျိုး
" စကားကြီးဆယ်မျိုး "
အတ္တ ပရ နှစ်ဝ အကျိုး
စကား တစ်စ ပီသ ပံ့ပိုး
မိမိ ရရ နားဝ လှုပ်တိုး
တန်ဖိုး ရှိစွာ ပြောဆိုပါက
ဝါစာပီယ ချိုမြမြတည့်။
ချီးကြူး နိဒါန်း ၊ ပမာ ကမ်းလျက်
ပြဌာန်း ကြောင်းရင်း ၊ သာဓက သွင်း၍
မြင်ကွင်း ဒိဋ္ဌ ၊ အလုပ်ပြ ကာ
ဆုံးပ နိဂုံး ၊ စကားချုံး နှင့်
ပေါင်းရုံး စုံစွာ ပြောသင့်သည်။
ထက်ညာတင်ကြို ၊ ကူးသလိုပင်
အလိုရှိရာ ၊ ရောက်တတ်စွာမို့
ဤမှာပုံခူး ၊ စကားဦးဖြင့်
ရေကူးညာတင် ပြောစေချင်၏။
မိရယူငင် ၊ ပိုင်ပိုင်လျှင်ဖြင့်
ကောက်ပင်ဆုပ်ပြီး ၊ မြဲမြံကြီးစွာ
ရိတ်လှီးတံစဉ် ၊ အောက်ဖက်တွင်မှ
ကောက်ပင်ရိတ်လှီး ပြောသည့်နည်းတည့်။
မြစ်ညာထက်လမ်း ၊ ကုန်ပြည့်ဝမ်းဖြင့်
ခြေသိမ်းခေါင်ပိုက် ၊ တန်ဘိုးဆိုက်အောင်
ပြောထိုက်တစ်နည်း ၊ ဖြေးလေးပြီးလျှင်
ရေစီးဖောင်ဆန် ပြောတတ်ရန်တည့်။
နူးနပ်ထမင်း ၊ သုံးဆောင်ကျဉ်းလို
ဆန်ရင်းဆေးပြီး ၊ အိုးသင့်တည်းသို့
တနည်းမူဟန် ၊ အိုးတန်ဆန်ခတ်
ပြောတန်သင့်လောက် ပြောချင့်ထောက်၏။
ကြိမ်ကြိမ်ထပ်ထပ် ၊ ဆီကြိတ်ဖတ်သို့
လိုအပ်စကား ၊ လွှအသွားသွင်
မနားထိန်းကွပ် ၊ ဆက်ဆက်လွှတ်၍
ဆီပွတ်ကျည်ပွေ့ ၊ ပြောဆိုလေ့၏။
လျှောက်ပတ်သင့်ဖွယ် ၊ စကားရယ်ဖြင့်
ရန်စွယ်ကြီးမား ၊ ကိုယ့်ထံပါးသို့
အင်အားလွေ့လွေ့ ၊ ရန်ဘေးတွေ့က
ဆင်ဝှေ့ရန်ရှောင် ၊ ပြောနည်းဆောင်တည့်။
ခြုံနွယ်ခက်ခွင်း ၊ အရင်ရှင်းပြီး
ပင်ရင်းကြီးရာ ၊ နှိမ်နင်းပါလို့
ငယ်ရာကြီးမူ ၊ ဖိစီးယူကာ
တောင်သူယာခုတ် အပြောထုတ်တည့်။
စကားထိပ်တိုက် ၊ ထိုးဆိတ်ခိုက်ဝယ်
အလိုက်သင့်လျှိုး ၊ တန်သင့်ပျိုးလျက်
ရှေ့တိုးနောက်ဆုပ် ၊ စိုးမိုးအုပ်၍
ကြက်ဆုတ်ခွပ်ပစ် စကားစစ်တည့်။
ရေတွင်ချ နစ် ၊ ရေလျှင်စစ်သို့
ပြည့်အစ်ခရား ၊ ပေါက်ပိတ်ထားပြီး
လေအားမဲ့စေ ၊ ပြည့်ဝပေသို့
ရေစစ်ခရား နည်း စကားတည့်။
မဟုတ်မဆို ၊ ဟုတ်မဆိုဘဲ
ထက်ကိုမကျ ၊ အောက်မကျနှင့်
မကျမတင် ၊ စကားဆင်၍
ခက်တင်မောင်းနင်း ၊ စကားရင်းတည့်။
ရေကူးညာတင် ၊ ကောက်ပင်ရိတ်လှီး
ရေစီးဖောင်ဆန် ၊ အိုးတန်ဆန်ခတ်
ဆီပွတ်ကျည်ပွေ့ ၊ ဆင်ဝှေ့ရန်ရောင်
တောင်သူယာခုတ် ၊ ကြက်ဆုတ်ခွပ်ပစ်
ရေစစ်ခရား ၊ ရေထားသောသွင်
ခက်တင်မောင်းနင်း ၊ စကားရင်းဟာ
တည်ခင်းစကား ၊ အပြားတစ်ဆယ်
လည်ဝယ်စကား ၊ ထားရှိသားတည့်။ ။
" သစ်ရိပ်ညို "
အတ္တ ပရ နှစ်ဝ အကျိုး
စကား တစ်စ ပီသ ပံ့ပိုး
မိမိ ရရ နားဝ လှုပ်တိုး
တန်ဖိုး ရှိစွာ ပြောဆိုပါက
ဝါစာပီယ ချိုမြမြတည့်။
ချီးကြူး နိဒါန်း ၊ ပမာ ကမ်းလျက်
ပြဌာန်း ကြောင်းရင်း ၊ သာဓက သွင်း၍
မြင်ကွင်း ဒိဋ္ဌ ၊ အလုပ်ပြ ကာ
ဆုံးပ နိဂုံး ၊ စကားချုံး နှင့်
ပေါင်းရုံး စုံစွာ ပြောသင့်သည်။
ထက်ညာတင်ကြို ၊ ကူးသလိုပင်
အလိုရှိရာ ၊ ရောက်တတ်စွာမို့
ဤမှာပုံခူး ၊ စကားဦးဖြင့်
ရေကူးညာတင် ပြောစေချင်၏။
မိရယူငင် ၊ ပိုင်ပိုင်လျှင်ဖြင့်
ကောက်ပင်ဆုပ်ပြီး ၊ မြဲမြံကြီးစွာ
ရိတ်လှီးတံစဉ် ၊ အောက်ဖက်တွင်မှ
ကောက်ပင်ရိတ်လှီး ပြောသည့်နည်းတည့်။
မြစ်ညာထက်လမ်း ၊ ကုန်ပြည့်ဝမ်းဖြင့်
ခြေသိမ်းခေါင်ပိုက် ၊ တန်ဘိုးဆိုက်အောင်
ပြောထိုက်တစ်နည်း ၊ ဖြေးလေးပြီးလျှင်
ရေစီးဖောင်ဆန် ပြောတတ်ရန်တည့်။
နူးနပ်ထမင်း ၊ သုံးဆောင်ကျဉ်းလို
ဆန်ရင်းဆေးပြီး ၊ အိုးသင့်တည်းသို့
တနည်းမူဟန် ၊ အိုးတန်ဆန်ခတ်
ပြောတန်သင့်လောက် ပြောချင့်ထောက်၏။
ကြိမ်ကြိမ်ထပ်ထပ် ၊ ဆီကြိတ်ဖတ်သို့
လိုအပ်စကား ၊ လွှအသွားသွင်
မနားထိန်းကွပ် ၊ ဆက်ဆက်လွှတ်၍
ဆီပွတ်ကျည်ပွေ့ ၊ ပြောဆိုလေ့၏။
လျှောက်ပတ်သင့်ဖွယ် ၊ စကားရယ်ဖြင့်
ရန်စွယ်ကြီးမား ၊ ကိုယ့်ထံပါးသို့
အင်အားလွေ့လွေ့ ၊ ရန်ဘေးတွေ့က
ဆင်ဝှေ့ရန်ရှောင် ၊ ပြောနည်းဆောင်တည့်။
ခြုံနွယ်ခက်ခွင်း ၊ အရင်ရှင်းပြီး
ပင်ရင်းကြီးရာ ၊ နှိမ်နင်းပါလို့
ငယ်ရာကြီးမူ ၊ ဖိစီးယူကာ
တောင်သူယာခုတ် အပြောထုတ်တည့်။
စကားထိပ်တိုက် ၊ ထိုးဆိတ်ခိုက်ဝယ်
အလိုက်သင့်လျှိုး ၊ တန်သင့်ပျိုးလျက်
ရှေ့တိုးနောက်ဆုပ် ၊ စိုးမိုးအုပ်၍
ကြက်ဆုတ်ခွပ်ပစ် စကားစစ်တည့်။
ရေတွင်ချ နစ် ၊ ရေလျှင်စစ်သို့
ပြည့်အစ်ခရား ၊ ပေါက်ပိတ်ထားပြီး
လေအားမဲ့စေ ၊ ပြည့်ဝပေသို့
ရေစစ်ခရား နည်း စကားတည့်။
မဟုတ်မဆို ၊ ဟုတ်မဆိုဘဲ
ထက်ကိုမကျ ၊ အောက်မကျနှင့်
မကျမတင် ၊ စကားဆင်၍
ခက်တင်မောင်းနင်း ၊ စကားရင်းတည့်။
ရေကူးညာတင် ၊ ကောက်ပင်ရိတ်လှီး
ရေစီးဖောင်ဆန် ၊ အိုးတန်ဆန်ခတ်
ဆီပွတ်ကျည်ပွေ့ ၊ ဆင်ဝှေ့ရန်ရောင်
တောင်သူယာခုတ် ၊ ကြက်ဆုတ်ခွပ်ပစ်
ရေစစ်ခရား ၊ ရေထားသောသွင်
ခက်တင်မောင်းနင်း ၊ စကားရင်းဟာ
တည်ခင်းစကား ၊ အပြားတစ်ဆယ်
လည်ဝယ်စကား ၊ ထားရှိသားတည့်။ ။
" သစ်ရိပ်ညို "
Comments
Post a Comment