ပြုပြင်ကြပါ

" ပြုပြင်ကြပါ "

မိုးမြင့်သို့ပျံ ၊ သင့်အားမာန်ကို
ပြင်ရန်အသင့် ပြင်ပါလေ။

တောင်ပံအသင့် ၊ တောင်စုံလင့်လည်း
ကျိုးချင့်မထောက် ၊ အားအင်ပျောက်လျက်
အောက်အခြေမှာ ၊ ခင်တွယ်ပါသော်
မျက်ကွယ်သတ်သား ၊ သင့်ကိုဝါးလိမ့်။

သားနှင့်သမီး ၊ အရွယ်ကြီး၍
အနှီးစုပ်မျှ ၊ ပြင်မရသည့်
နေကြဘိတုံ ၊ ကျောင်းသားပုံဖြင့်
အနုံအတွေး ၊ ဘဝရေး၌
ခြေအေးဝမ်းယောင် ၊ အကျင့်ဆောင်က
လူ့ဘောင်အသင်း ၊ လူ့ခပင်းတွင်
လူချင်းတူလျက် ၊ နိမ့်ကျဖက်မှာ
ထက်အောက်ဝါးမြို ၊ စိတ်ဓာတ်ပြိုမည်
သင်ငိုလို့လည်း မရပေ။

ထိုထိုအလေ့ ၊ အမှတ်မေ့ဖြင့်
ယနေ့ခေတ်တွင် ၊ ပညာရှင်လည်း
လူတွင်မကျ ၊ ပေါင်းမရ၍
ဒုက္ခတွေ့ကာ ရောက်တတ်သည်။

မေ့လျော့ပေါ့ဆ ၊ အလေ့ထဖြင့်
တိကျသေချာ ၊ မရှိပါလျက်
လူစွာလုပ်ငြား ၊ လူရှောင်ရှား၍
သင်ကားကာကွယ် မဲ့တတ်သည်။

သေရည်သောက်စား ၊ လောင်းကစားနှင့်
အစားခုံမင် ၊ အလှပြင်နှင့်
တွင်တွင်ချိန်ဖြုန်း ၊ နောက်ကျရှုံး၍
လူလုံးမလှ ဖြစ်တတ်သည်။

အသုံးမကျ ၊ မိုက်ရိုင်းလှလျက်
နှုတ်စခြေကျွံ ၊ အပြောလွန်နှင့်
တာဝန်လစ်ဟင်း ၊ မိတ်ပျက်ခြင်းကြောင့်
လက်ငင်းစိတ်ညစ် ညူးတတ်သည်။

စသည်ထိုထို ၊ ပြင်ဖို့လိုက
ကိုယ့်ကိုယ်ကိုသိ ၊ မြဲသတိဖြင့်
လူ၏ဝန်းကျင် ၊ ကိုယ့်အသွင်၌
အားအင်လုပ်အား ၊ လုံ့လထားလျက်
မနားမနေ ၊ ပျံပါလေမှ
အောင်သေအောင်သား ၊ သားသတ်စားမည့်
လူပါးတုံ့ရန် ၊ ဘေးကင်းမှန်မည်
သင့်ဥာဏ်သတိ ရှိနိုင်စေ။ ။

" သစ်ရိပ်ညို "

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်