ရယ်ကြရမယ်

" #ရယ်ကြရမယ် "

သက်ရှည်ချင် ရီ(ရယ်)ပါကွဲ့
မြည်သံနဲ့ ဝမ်းသာ

သီတာနွဲ့ စမ်းပမာနှယ်
လွမ်းစရာ ဘယ် မတွေး။

ဘဝမော ပြေစေချင်သည်
တွေဝေငင် ပျောက်စေချင့်သေး။

ကံမုဆိုး တံခိုးဖြာရှာရော့
မညှိုးပါ ရယ်ပေး။

အကျိုးမှာ ရယ်သည့်အရေးတွေကြောင့်
စိတ်မလေး ပေါ့စွာ။

လူ့အတ္တ ဝန်းကျင်အလည်ဝယ်
ငြင်းခက်ဖွယ် ငိုကြရတာ။

တဏှာနိုး လူ့မာယာတွေ
တုပြိုင်ကာ တူယှဉ်တွဲလာလို့
ကြင်သူလွဲ ဆွေးစိတ်ပေါ်
မှေးမှိတ် မပျော်။

တစ်ချက်လေး တွေးလို့ရယ်နော်
ခဏသော် ပြေပျောက်ကွဲ့လေး။ ။

" သစ်ရိပ်ညို "

Comments

Popular posts from this blog

အက္ခရာနေ့နာမ်

အက္ခရာ နေ့နံ

ကိလေသာ၁၀ပါး