တိမ်ဆင့်လှိုင်းရွှင်

" တိမ်ဆင့်လှိုင်းရွှင် "

ရှစ်ခွင်ရပ်တိုင်း မှုန်မှိုင်း မြိုင်ရဂုံ
ပန်းစုံပွင့်ဖူး စွင့်မြူး ပြန့်သင်းထုံ
ကျေးငှက်သံမစဲ ပျံဝဲ သည်ရိပ်မြုံ
ဘေးရန်ကွာကင်း ညနေခင်း လေညင်း တသုန်သုန်။

တောင်တော်ထိပ်ဖျား ဘုရား မြတ်စေတီ
သုခိတတ္တ ချမ်းမြ အေးစေမည်
သတ္တဝါများ ညွှတ်တွား အရိပ်ခိုမှီ
ဓမ္မအကျင့် တရားလင့် များခွင့် ပန်ဆုရည်။

မိုးဆောင်းနွေသက် စည်းချက် ဆည်းလည်းသံ
ထုံးဖြူဖြူဖွေး ငှက်ကျေး လွင်လွင်ညံ
ခေါင်လောင်းသံကြား တရား ဒေသနံ
ဓမ္မသီချင်း ရန်ပယ်နှင်း တည်ခင်း အောင်ဆုပန်။ ။

" သစ်ရိပ်ညို "

Comments

Popular posts from this blog

အက္ခရာနေ့နာမ်

အက္ခရာ နေ့နံ

ကိလေသာ၁၀ပါး