ပြည်ထောင်စု
" ပြည်ထောင်စု "
အမိနှင့် သား ၊ မယားနှင့် လင်
မောင်လျှင် နှမ ၊ မေတ္တာစ ကို
ချိုမြ ကြည်သာ ၊ ဂရုဏာ ဖြင့်
ကြင်နာ ဆပွား ၊ တို့အင်အား မှာ
မိသားစုတွင်း ရှိရမည်။
ရန်စွယ် ငေါငေါ ၊ အပြစ်ပြော ၍
အဟောသိက ၊ မြင်သမျှ ကို
ပုပ်ပွ သွင်သွင် ၊ ရွံရှာ လျှင်ဖြင့်
မကြင် စိတ်ဝမ်း ၊ ပြည်တဝှမ်း မှာ
သင်ခန်းစာများ ရလိမ့်မည်။
စေ့ရေ လက်ငုံ ၊ အလုံးစုံ ၌
မျိုးဂုဏ် ရည်ပျောက် ၊ ခြေဖြင့်ကျောက်သို့
မထောက် မညှာ ၊ လော်မာစွာ ဖြင့်
ညှာတာ သနား ၊ မရှိ ငြားသော်
ပြည့်သား ဘယ့်နှယ် ရှိလိမ့်မည်။
အဝေးကို မျှော် ၊ ဒွေးတော် ကိုလွမ်း
ဆင်ကန်း တောတိုး ၊ တော်ရုပ်ဆိုး ၍
အမျိုး ကိုကယ် ၊ ချစ်တတ်ဖွယ် ရှင့်
ကြံရွယ် ထုဆစ် ၊ လှေခါးထစ် သို့
တစ်ထစ် ခြင်းသာ လှမ်းရမည်။ ။
" သစ်ရိပ်ညို "
အမိနှင့် သား ၊ မယားနှင့် လင်
မောင်လျှင် နှမ ၊ မေတ္တာစ ကို
ချိုမြ ကြည်သာ ၊ ဂရုဏာ ဖြင့်
ကြင်နာ ဆပွား ၊ တို့အင်အား မှာ
မိသားစုတွင်း ရှိရမည်။
ရန်စွယ် ငေါငေါ ၊ အပြစ်ပြော ၍
အဟောသိက ၊ မြင်သမျှ ကို
ပုပ်ပွ သွင်သွင် ၊ ရွံရှာ လျှင်ဖြင့်
မကြင် စိတ်ဝမ်း ၊ ပြည်တဝှမ်း မှာ
သင်ခန်းစာများ ရလိမ့်မည်။
စေ့ရေ လက်ငုံ ၊ အလုံးစုံ ၌
မျိုးဂုဏ် ရည်ပျောက် ၊ ခြေဖြင့်ကျောက်သို့
မထောက် မညှာ ၊ လော်မာစွာ ဖြင့်
ညှာတာ သနား ၊ မရှိ ငြားသော်
ပြည့်သား ဘယ့်နှယ် ရှိလိမ့်မည်။
အဝေးကို မျှော် ၊ ဒွေးတော် ကိုလွမ်း
ဆင်ကန်း တောတိုး ၊ တော်ရုပ်ဆိုး ၍
အမျိုး ကိုကယ် ၊ ချစ်တတ်ဖွယ် ရှင့်
ကြံရွယ် ထုဆစ် ၊ လှေခါးထစ် သို့
တစ်ထစ် ခြင်းသာ လှမ်းရမည်။ ။
" သစ်ရိပ်ညို "
Comments
Post a Comment