နောင်တနှင့်မိုက်သောသူ
" နောင်တနှင့် မိုက်သောသူ "
မိုးသောက်မှ ကြယ်မြင်
နေဝင်မှ စပါးလှန်း။
မိုးလွန်ထွန် ချလူသွမ်းကို
လှမ်းကြည့် ကြည့်စမ်း။ ။
နောက်နောင်ကျလေမှ
နောင်တသည့် များသူငါ။
ကွင်းပြင်က လယ်ထွန်သွားတွက်
နွားမေ့ ကျန်တာ။
စစ်ဖြစ်မှ မြားချွန်ရာ
ဘယ်ဟာမှ မကောင်း။
ကျမ်းစည်း နည်းမှီ
မကျင့်သီ အနှီစုပ်နှယ်
ချုပ်စ ပုပ်ဟောင်း။ ။
နောင်တသူ ထိုလူမိုက်
ဒုစရိုက် သို့နှယ်။
ချီးနှီးစွ လိုမရ
ကြောင့်ကြ လိမ့်မယ်။
ပြုသင့်တာ မပြုဖယ်
မပြုသင့်ဖွယ် ပြုပါက။
ချိန်လွန်လာ ပူပန်ရိုးကွဲ့
စိုးရိမ် သောက။ ။
" သစ်ရိပ်ညို "
မိုးသောက်မှ ကြယ်မြင်
နေဝင်မှ စပါးလှန်း။
မိုးလွန်ထွန် ချလူသွမ်းကို
လှမ်းကြည့် ကြည့်စမ်း။ ။
နောက်နောင်ကျလေမှ
နောင်တသည့် များသူငါ။
ကွင်းပြင်က လယ်ထွန်သွားတွက်
နွားမေ့ ကျန်တာ။
စစ်ဖြစ်မှ မြားချွန်ရာ
ဘယ်ဟာမှ မကောင်း။
ကျမ်းစည်း နည်းမှီ
မကျင့်သီ အနှီစုပ်နှယ်
ချုပ်စ ပုပ်ဟောင်း။ ။
နောင်တသူ ထိုလူမိုက်
ဒုစရိုက် သို့နှယ်။
ချီးနှီးစွ လိုမရ
ကြောင့်ကြ လိမ့်မယ်။
ပြုသင့်တာ မပြုဖယ်
မပြုသင့်ဖွယ် ပြုပါက။
ချိန်လွန်လာ ပူပန်ရိုးကွဲ့
စိုးရိမ် သောက။ ။
" သစ်ရိပ်ညို "
Comments
Post a Comment