အမြင်

" အမြင် "

ထင်ကြမြင်ကြ တွေးတောကြသည်
တွေ့ကြကြုံကြ ဆုံနေကြလည်း
မေးကြမြန်းကြ သဘောကျဖွယ်
ပြောကြဆိုကြ နှီးနှောကြလျှင်.....

လူလှသည်းခံ မဖွဲ့ရန်ဘက်
ဖြစ်တန်ရာရာ နှစ်သက်စွာပင်
ဝင်ကာနွေးထွေး ရှေ့နောက်တွေး၍
ကြည်အေးညင်သာ ဆွေးနွေးပါလော့။ ။

နေရာဒေသ ကြည့်တတ်မှတည့်
လမ်းပြခေါင်းဆောင် ဘယ်သို့ဆောင်လည်း
လူလှောင်ရပ်ဝန်း ဘယ်သို့တွန်းလည်း
လူစွန်းအန္ဓ ဘယ်သို့ကြွလည်း.....

ပုညသတ္တိ အမှန်ရှိလို့
တတ်သိခန္ဓာ နေတတ်စွာဖြင့်
နေရာတစ်ကိုယ် မရှိဆိုလည်း
နှုတ်လျှို ချိုသာ စေတနာနှင့်
ညင်သာအပြော လူ့မနောချ
မပြောမာန်ချို့ စိတ်ကိုယို့၍
စေပို့မေတ္တာ ခွဲခွာရာဟု
သေချာပေါင်းတတ် စေကြောင်းတည်း။

" သစ်ရိပ်ညို "

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်