တန်ဘိုး

" တန်ဘိုး "

မထေမဲ့မြင် ၊ လူတို့သွင်မူ
ငါလျှင်သော်ကော ၊ ငါတကောဖြင့်
သူ့တောချတောင် ၊ ငါ့ရွှေတောင်ဟု
အမောင်တောင်မြောက် မကွဲချေ။

လှောင်ရီကာနှောက် ၊ ဘယ်ဟာကျောက်မြက်
ဘယ်လောက်မက်ဖွယ် ၊ အသွယ်သွယ်လျှင်
လက်ဝယ်ကိုင်ဆောင် ၊ ယောင်တောင်တောင်ဖြင့်
အမောင်မသိ မိုက်တော့မည်။

ဆင်ကောင်လည်းရှိ ၊ မြင်အောင်ကြည့်ပါ့
ရှေးသိနည်းထုံး ၊ စာပေသုံးသည့်
သီကုံးပန်ဆင် ၊ စာဥယျာဉ်တွင်
ထင်မြင်လေ့လာ ထားသင့်သည်။

မြန်ပင်လေ့လာ ၊ မြန်မာစာကို
ကဗျာတထွေ ၊ စကားပြေနှင့်
နိထွေ မှတ်ရာ ၊ ဇာတ်တော်လာနှင့်
ထွေလာသောင်းဗြောင်း ၊ ဖွေရှာပေါင်း၍
ပင်လောင်းရှင်သန် ၊ နောင်ကောင်းရန်တွက်
ဧကန်ကြိုးစား ၊ အမျိုးများတို့
ပြည်ခြားစာပေ ၊ ခိုင်မာနေသလို
တို့တွေသေချာ ၊ မြန်မာစာကို
လေ့လာလိုက်စား ၊ ပျိုးထောင်သွားလျှင်
နောင်များတစ်နေ့ ၊ မြန်မာဟေ့ဟု
လွေ့လွေ့ကျွေးကျော် ၊ တို့ပြည်မော်မည်
ရည်မျှော်ဆန္ဒ သဘောတည်း။ ။

: သစ်ရိပ်ညို "

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်