ဂျူလိုင်၂၃ရက်

" ဂျူလိုင်၂၃ရက် "
ကမ္ဘာ့အပူဆုံးနေ့ (နေ့တာအရှည်ဆုံးနေ့)

ဂျိုးဂျိန့်ဂျိန့်ညံ ၊ မိုးချိန်းသံဖြင့်
တိမ်ယံစစ်သည် ၊ အားမာန်ချီလျက်
နတ်စည်နတ်မောင်း ၊ တိုက်တစ်သောင်းလျှင်
အောင်ကြောင်းစစ်ချီ ချုန်းတော့သည်။

မိုးဦးလေဦး ၊ မင်းလွင်ဦး မှာ
ပြန့်ဖြူးဝဠာ ၊ ထက်အာကာဘုံ
ပမာပုံဆောင် ၊ စစ်သည်မောင်တို့
တိမ်တောင်သိုက်ဝန်း ထွန်းတော့သည်။

တိမ်တောင်ဆီဝယ် ၊ ရောင်နီသယ်လို့
တင့်တယ်လှပျိုး ၊ နေခြည်ထိုးသော်
မိုးဦးနံနက် ၊ သည်လိုရက်မှာ
နေထွက် အလွန် စောလှသည်။ ။

" သစ်ရိပ်ညို "

Comments

Popular posts from this blog

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်

သံခိပ်