ပန်းသဇင်

" ပန်းသဇင် "

သနပ်ခါး တွေနဲ့မှုန်
မူပုံ နွဲ့အေး။
ပန်ဆင်ကွယ် သဇင်ပန်းနှင့်
နန်းဆန်ကွဲ့လေး။

သနပ်ခါး ပါးကွက်တင်
သွင်မူ မယ့်မွှေး။
ပန်ဆင်ဖွယ် သဇင်ပန်းရယ်
ကမ်းလင့် ပေါ့လေး။

ရော့ပန်တော့ ခင်
မြင်မြင်သူ ငေး။
ကေသာခေါင် မယ့်ဆံထုံး မှာ
ပန်ဦး ကွဲ့လေး။

ပန်ဦးမယ် ပန်းသဇင်
ဖြူလွင် မို့လေး။
မေ့ကေသာ ဆံယဉ်တိုး ကာ
ထိုးပါ ကွဲ့လေး။

မောင်ထိုးကာ ပန်ဆင်
ဟန်ပြင် ငဲ့လေး။
ရွှန်းရွှန်းစို ပန်းပျိုမကိုဋ် ရယ်
ပန်လိုက် ပြီလေး။

မောင်ပေးလို့ မယ်ပန်ဆင်
ဖူးငုံသဇင် မွှေး။
ကေသာဝယ် ပနံရ တယ်
ဟန်ကျ ရဲ့လေး။

ပြုံးစစ မျက်နှာထားချို
ရင်ဖို မိသေး။
တို့တောင်သူ ရွာလယ်ထဲ မှာ
(အလိုကွယ်)
ပွဲဝင် စို့လေး။ ။

" သစ်ရိပ်ညို "

Comments

Popular posts from this blog

အက္ခရာနေ့နာမ်

အက္ခရာ နေ့နံ

ကိလေသာ၁၀ပါး