စတုတ္တမြောက်သုညဘဝ

” စတုတ္ထမြောက် သုညဘဝ ”

မိန်းမရေ
ထမင်းရေ ရပြီလား။
ရတော့မယ် ကိုထွန်းရဲ့
ငှဲ့ဖို့ ပြင်ထား။ ။

ငှဲ့ပြီးရင် ဆားခပ်လျက်
ငါ့အတွက် ယူခဲ့ကွာ။
ထမင်းကို တစ်စွန်းခပ်
ဇွန်းတပ် ခဲ့ပါ။
ဆီဆားဆမ်း ထမင်းဟာ
အိပ်နေရှာ သားသမီးတွက်။
စက်ဘီး ကယ်ရီယာ အစုံ
ကွမ်းယာခုံ တင်လို့ပေးကာ
ဈေးရောင်းဖို့ထွက်။ ။

လမ်းဘေးမှာ ကွမ်းယာရောင်း
စက်ဘီးဟောင်းလေးနှင့်ပင်
ဈေးဘမ်းကိုတင်။
လူများလှ လမ်းပေါ်တွင်
ဈေးဝယ်လျှင် အလွန်နည်း။
ရသလောက်နှင့်သာပါ့
ရန်ကုန်မှာ ရောက်ခါစရယ်
ဒုက္ခ ပေပဲ။ ။

” သစ်ရိပ်ညို ”

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်