သဘာဝ
" သဘာဝ "
သဘာဝလျှင် ၊ မြေရင်ခွင်ဝယ်
သစ်ပင်ပေါင်းစုံ ၊ ပင်မျိုးစုံစွာ
ပန်းစုံပွင့်လန်း သာနေသည်။
ရေမြေအနှံ့ ၊ လူးလွန့်ပြန့်လျက်
ဖူးညွန့်ခက်ဝေ ၊ သီးပွင့်ပေသည်
မြေပဒေသာ အကျိုးတည်း။
မိခင်ရင်ခွင် ၊ သည်မြေပြင်တွင်
သက်ရှင်လှုပ်ရှား ၊ ဇာတိများထဲ
အင်အားမြဲလျက် ရှိပါသည်။
နိမ့်မြင့်ယုတ်လတ် ၊ မပယ်အပ်ချေ
သူ့ရပ်သူ့ခြေ ၊ ဖြစ်တည်နေသည့်
မျိုးထွေဗီဇ အကြောင်းတည်း။ ။
" သစ်ရိပ်ညို "
သဘာဝလျှင် ၊ မြေရင်ခွင်ဝယ်
သစ်ပင်ပေါင်းစုံ ၊ ပင်မျိုးစုံစွာ
ပန်းစုံပွင့်လန်း သာနေသည်။
ရေမြေအနှံ့ ၊ လူးလွန့်ပြန့်လျက်
ဖူးညွန့်ခက်ဝေ ၊ သီးပွင့်ပေသည်
မြေပဒေသာ အကျိုးတည်း။
မိခင်ရင်ခွင် ၊ သည်မြေပြင်တွင်
သက်ရှင်လှုပ်ရှား ၊ ဇာတိများထဲ
အင်အားမြဲလျက် ရှိပါသည်။
နိမ့်မြင့်ယုတ်လတ် ၊ မပယ်အပ်ချေ
သူ့ရပ်သူ့ခြေ ၊ ဖြစ်တည်နေသည့်
မျိုးထွေဗီဇ အကြောင်းတည်း။ ။
" သစ်ရိပ်ညို "
Comments
Post a Comment