စိမ်းလဲ့ညိုပြာ

" စိမ်းလဲ့ ညိုပြာ "

တိမ်ခိုးတွေ ဝေပြီထင့်
မိုး လေနှင့် ဒီရေ။

မိုးရေကြည် မျှော်ရည်လျက်
တက်သည့်ဒီရေ။

ဒီရေတက် သက်သည့်လေ
ရွာသွန်းစေ ဒီရေမိုး။

မြစ်နဒီ သောက်ယံတဝိုက်မှာ
ဖြိုက်ဖြိုက်ရွာဖြိုး။

ရေဘောင်ဘင် သွင်သွင်စီး
ခရီးနှင်ရှာ။

ငွေဇင်ယော် ဝေဟင်ထဲ
ဝဲပျံလျက်သာ။

လှိုင်းကြက်ခွပ် ဆွတ်ပြန့်စွာ
ရေဇလာ ကြည်လဲ့ဖွေး။

မြစ်ဧရာ နဒီကြောမှာ
မျောရှာရော့လေး။

" သစ်ရိပ်ညို "

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်