ရေကြီးလေထန်(ရတု)

" ရေကြီး လေထန် "

(ပိုဒ်စုံရတု)

မိုးလောက်နီးနီး ၊ ရေဟီးဟီးလျှင်
သီးသီးနစ်မြုတ် ၊ ရေငုံထုပ်၍
ခြေတုတ်နှောင်နှောင် ၊ မိုးမှောင်မှောင်ဝယ်
ယောင်ယောင်ကန်းကန်း ၊ တစမ်းစမ်းဖြင့်
သွမ်းသွမ်းမိုက်မိုက် ၊ မျှင် အမှိုက်ကို
လိုက်၍ဆုပ်ဖမ်း ၊ လွတ်ရာလမ်းဟု
ရမ်းသန်းထင်ထင် ၊ ကမ်းမမြင်သည်
ရေဝင်နစ်လျှိုး ငုတ်တော့သည်။

ကျိုးပေါက်စီးစီး ၊ တညီးညီးရွှင်
ထီးတည်းဖြိုလှိုက် ၊ ရေမြိုသိုက်မှာ
နွံတိုက်သွင်သွင် ၊ ညစ်ပြင်ပြင်ဖြင့်
လျှင်လျှင်စီးမျော ၊ တသောသောဝယ်
အောတိုက်မျိုးထွေ ၊ ပျက်လွင့်ကြွေသား
မိုးလေဟောဟော ၊ လှိုင်းလေရောကာ
ရေတောမြေထွင် ၊ ရောနှောဆင်သည်
မြေပြင်တစ်ချိုး ပြုတ်တော့သည်။

ချိုးဖောက်ပြီးပြီး ၊ ရေကြီးကြီးတွင်
ချည်းနှီးလက်ချ ၊ နွံနုံးကြွသည့်
လမ်းမစုံစုံ ၊ လယ်ဖုံဖုံနှင့်
မှုံမှုံတံတား ၊ အိမ်အများမှာ
ချစားမီးလောင် ၊ တက်တက်ပြောင်သို့
မြေဘောင်ကျဲကျဲ ၊ နွံထဲထဲမှာ
သဲသဲငိုချင် ၊ ဝမ်းနည်းသွင်သည်
ခြေပင်ဆစ်ကျိုး ချုပ်တော့သည်။ ။

" သစ်ရိပ်ညို "

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်