မမေ့နိုင်သော
” မမေ့နိုင်သော ”
ချစ်ပေဖူးလွှာ
တစ်ချိန်ခါ
ရွှေညာမြေက ခမောက်တောင်။
တောင်ခြေလွယ်မောက်
ချွေးပေါက်ပေါက်
မိုးအောက်မြေပြင် ပြုံးပျော်ရွှင်။
ချိုလွင်မျက်ဝန်း
ချစ်ရည်ရွှန်း
စေညွှန်းပန်းချီ ရေးခက်ပြီ။
နေခြည်ရောင်ဆမ်း
တောင်ခါးပန်း
စိတ်ချမ်းမြေ့ဖွယ် နားကြတယ်။
ချစ်တယ်စကား
ရင်ခွင်ခြား
မကြားရတာ ကြာပြီကွယ်။
ကံငယ် ခေ ရာ
ဇာတ်လမ်းမှာ
ကဗျာရေးရင်း တမိသည်။ ။
” သစ်ရိပ်ညို ”
ချစ်ပေဖူးလွှာ
တစ်ချိန်ခါ
ရွှေညာမြေက ခမောက်တောင်။
တောင်ခြေလွယ်မောက်
ချွေးပေါက်ပေါက်
မိုးအောက်မြေပြင် ပြုံးပျော်ရွှင်။
ချိုလွင်မျက်ဝန်း
ချစ်ရည်ရွှန်း
စေညွှန်းပန်းချီ ရေးခက်ပြီ။
နေခြည်ရောင်ဆမ်း
တောင်ခါးပန်း
စိတ်ချမ်းမြေ့ဖွယ် နားကြတယ်။
ချစ်တယ်စကား
ရင်ခွင်ခြား
မကြားရတာ ကြာပြီကွယ်။
ကံငယ် ခေ ရာ
ဇာတ်လမ်းမှာ
ကဗျာရေးရင်း တမိသည်။ ။
” သစ်ရိပ်ညို ”
Comments
Post a Comment